မသမာသူများရဲ့လက်ချက်ကြောင့် မြစ်ငယ်မှ ရွာသာကြီးသွား ကုန်ရထား လမ်းချော်မှုဖြစ်

မန္တလေးတိုင်းဒေသကြီး မြစ်ငယ်မှ ရန်ကုန်တိုင်းဒေသကြီး ရွာသာကြီး ခရီးစဉ်ထွက်ခွာမည့်ကုန်တင်ရထားသည် ပုလိပ်ဘူတာမှ ဇူလိုင်လ ၂၃ ရက် ည ၁၀ နာရီ ၄၅ မိနစ်တွင် ထွက်ခွာလာပြီး စဉ့်ကိုင်မြို့နယ်အတွင်း မိုင်တိုင်အမှတ် (၃၇၂/၃-၃၇၁/၂၄)အရောက် ည ၁၀ နာရီ ၅၅ မိနစ်တွင် မသမာသူများက ယုတ်မာပက်စက်သောအကြံဖြင့် ရထားသံလမ်း၏ သံလမ်းဆက်ပြားနှင့် မူလီများကို ဘယ်ညာနှင့်ရှေ့နောက်  တစ်ဆက်တည်း အစုံလိုက် ဖြုတ်ယူဖျက်ဆီးခဲ့မှုကြောင့် ရထားတွဲဆိုင်းပါ စက်ခေါင်းနောက် ၁၈ တွဲမြောက်မှ ၂၂ တွဲမြောက်အထိ ကုန်အပြည့် တင်ဆောင်ထားသည့် ကွန်တိန်နာတွဲငါးတွဲသည် သံလမ်းများ ပြုတ်ထွက်၍ လမ်းချော်ကျမှု ဖြစ်ပွားခဲ့ပါတယ်။

ရထားလမ်းပျက်စီးမှုကို ညတွင်းချင်း ပြန်လည်ပြုပြင်ခဲ့ပြီး လမ်းပိုင်းအား ဇူလိုင်လ ၂၄ ရက်နေ့ ၈ နာရီ ၃၆ မိနစ်တွင် ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။