လူတွေအရမ်းစိတ်ဝင်စားနေတဲ့ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာအကြောင်း

ယနေ့မနက်ပိုင်းက ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာအကြောင်းကို ပြောပြချင်ပါတယ်…

ပထမဆုံး ပဇီကြီးရွာဆိုတာ…

-ဇင်း station မှာရှိတဲ့ လုံခြုံရေးအဖွဲ့ဝင်တွေနဲ့ အနားက ပြည်သူတွေကိုသတ်ခဲ့တဲ့ PDF ရွာပဲဖြစ်သလို..

-ကန့်ဘလူ၊ ကျွန်းလှ၊ ကောလင်း၊ ဝန်းသိုအနားတဝိုက်မှာ အကြမ်းဖက်လုပ်ငန်းတွေ လုပ်ကိုင်ပြီး၊ ပစ္စည်းယူ၊ လူသတ်၊ ဓားပြတိုက်လုပ်နေတဲ့ အကြမ်းဖက်အဖွဲ့တွေပဲဖြစ်ပါတယ်။

-ဒီနေ့မှာ PDF တွေအနေနဲ့ သူတို့ရဲ့ အောင်ပွဲအထိမ်းအမှတ်ဆိုပြီး အကြမ်းဖက် NUG ရုံးခွဲဖွင့်ဖို့လုပ်နေတာလည်းဖြစ်ပါတယ်။ ဒီလိုအကြမ်းဖက် လုပ်ငန်းတွေလုပ်နေတဲ့ PDF တွေကို မလိုလားတဲ့ တာဝန်သိပြည်သူတွေ သတင်းအတိအကျပေးခဲ့တာလည်း ဖြစ်ပါတယ်။ ဒီဖွင့်ပွဲကို လာတဲ့သူတွေမှာ KIAက ဘယ်နှစ်ဦး၊ PDF က ဘယ်နှစ်ဦးဆိုတာကို အရေအတွက်အတိအကျနဲ့ သတင်းပေးခဲ့တာပဲဖြစ်ပါတယ်။ အကြမ်းဖက် သန့်ဇင်နဲ့ နောက်လိုက် PDF အကြမ်းဖက်သမားတွေဟာလည်း ဒီဖွင့်ပွဲမှာ သေဆုံးခဲ့ပါတယ်။ ပြည်သူတွေအနေနဲ့ ဒီအကြမ်းဖက် PDF တွေကို မလိုလားတော့ပါဘူး။ ဒါကြောင့်မို့ စစ်ကိုင်းတိုင်းထဲက အချို့သော PDF တွေဟာ ထောက်ခံမှုမရရှိတော့ခြင်း၊ လက်နက်ခဲယမ်းမလုံလောက်ခြင်း၊ အခြားအကြောင်းအရင်းများကြောင့် ဖျက်သိမ်းရတော့မယ်လို့ ထုတ်ပြန်ချက်အများအပြားကိုလည်းလူမှုကွန်ယက်တွေမှာ မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။