မန္တလေး မဟာအောင်မြေမြို့နယ်မှာ ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်မှာ ဒီကနေ့ အောက်တိုဘာ ၃၀ ရက် မနက်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓါးပြအတိုက်ခံရပြီး ရွှေထည်ပစ္စည်းမျိုးစုံ သိန်းတစ်ထောင်ကျော်ဖိုးလောက် ပါသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဓါးပြအတိုက်ခံရတဲ့ရွှေဆိုင်က ၈၄လမ်း ၄၁ နဲ့ ၄၂ လမ်းကြားမှာရှိတဲ့ ❛ပေါ်ဦး❜ ရွှေဆိုင်ဖြစ်တယ်လို့သိရပြီး သေနတ်ကိုင်ထားတဲ့ အမျိုးသား လေးဦးက ဆိုင်ထဲကိုဝင်ရောက်ကာ ကောင်တာကို သေနတ်နဲ့ (၂)ချက်ပစ်ပြီးတော့ ရွှေထည်ပစ္စည်းတွေ ယူသွားတာလို့ ဆိုပါတယ်။

ဓါးပြတွေနောက်ကို တန်ဖိုးငွေကျပ် သိန်း (၁၂၀၀) ခန့်ရှိတဲ့ ရွှေဆွဲကြိုး (၄၀) ကုံးခန့်နဲ့ ရွှေကလစ် (၃၀)ခုခန့် ပါသွားခဲ့ပြီး ဖြစ်စဉ်ဖြစ်ပွားတဲ့နေရာကို သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့တွေက လာရောက်စစ်ဆေးတာတွေ ပြုလုပ်ခဲ့သလို ပိတ်ဆို့စစ်ဆေးတာတွေလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

crd;