AA ဖန်တီးတဲ့ ရခိုင်စစ်ပွဲထဲက ကူရာကယ်ရာမဲ့နေတဲ့ ရခိုင်ပြည်သူများ

ရခိုင်ပြည်နယ်မှာ AA တို့ ဖန်တီးခဲ့တဲ့စစ်ပွဲကြောင့် ဒေသခံအများအပြား နေရပ်စွန့်ခွာထွက်ပြေးနေကြရပြီး အချို့စစ်ဘေးရှောင်တွေဟာ အငတ်ဘေးနဲ့ပါ ရင်ဆိုင်နေကြရတဲ့အပြင် ကျန်းမာရေးဆိုးရွားမှုတွေနဲ့လည်း တွေ့ကြုံခံစားနေကြရပါတယ်…
ရခိုင်ပြည်သူတွေဟာ အေးချမ်းစဉ်ကာလမှာရော အခုလိုစစ်ဘေးရှောင်နေရတဲ့ ကာလမှာပါ AA ကို ငွေကြေးနဲ့ ရိက္ခာပေးဆောင်နေရလို့ ပိုမိုဒုက္ခရောက် နေကြရပြီး ဒီလိုဒုက္ခရောက်အောင် ဖန်တီးတဲ့ AA ကို အခုလိုငွေကြေးနဲ့ ရိက္ခာပံ့ပိုးတာဟာ အဆိပ်ပင်ကိုရေလောင်းသလိုဖြစ်နေရတယ်လို့ ပြောဆိုနေကြပါတယ်…
ယခင်ကာလ စစ်ပွဲတွေဟာ မြို့ပေါ်နဲ့ဝေးရာနေရာတွေမှာဖြစ်တာဖြစ်လို့ မြို့ပေါ်ကနေ ကျေးရွာတွေက စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့ပေးနိုင်ပေမယ့် အခုအချိန်မှာတော့ AA တွေက မြို့ပေါ်တွေအထိပါ စစ်ပွဲတွေဖန်တီးနေလို့ ဒေသခံတွေဟာ ကူရာကယ်ရာမဲ့ထွက်ပြေးတိမ်းရှောင်နေရတဲ့အပြင် သူ့မကယ်နိုင် ငါ့မကယ်နိုင်ဘဝကို ရောက်ရှိနေကြရပါတယ်…