တရုတ်ငလျင်ကြောင့် ပြည်သူ ၁၄၉ ဦး‌ သေဆုံး၊ နှစ်ဦးပျောက်နေ

တရုတ်နိုင်ငံအနောက်မြောက်ပိုင်းတွင် ပြီးခဲ့သည့်တစ်ပတ်ကလှုပ်ခဲ့သောငလျင်ကြောင့် ‌သေဆုံးသူသည် ၁၄၉ ဦးအထိရှိလာကာ နှစ်ဦးပျောက်ဆုံးနေသေးကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြထားသည်။

အဆိုပါငလျင်ကြောင့်ပျက်စီးဆုံးရှုံးမှု အများအပြားရှိခဲ့ပြီး ငလျင်ဗဟိုချက်အနီး၌ အိမ်ခြေနှစ်သိန်းကျော်ပြိုကျပျက်စီးကာ ၁၅,၀၀၀ ခန့် ပျက်စီးလုနီးနီးဖြစ်နေခဲ့ကြောင်းလည်းသိရသည်။ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူလူဦးရေ ၁၄၅,၀၀၀ ကျော်လည်းရှိသည်။

တရုတ်နိုင်ငံ၌ မကြာခဏ ငလျင်လှုပ်လေ့ရှိပြီး လွန်ခဲ့သည့်ဆယ်နှစ်က စီချွမ်၌လှုပ်ခဲ့သည့်ငလျင်ကြောင့် လူပေါင်း ၆,၇၀၀ ကျော်ဒဏ်ရာရရှိခဲ့ကာ ၁၆၀ ကျော်‌ သေဆုံးခဲ့ကြောင်းလည်း သိရသည်။

၂၀၁၀ ပြည့်နှစ်ကလှုပ်ခဲ့သည့် ပြင်းအား ရစ်ခ်တာ စကေး ၇ ရှိ သော ငလျင်ကြောင့် လူပေါင်း ၂,၇၀၀ ကျော်‌ သေဆုံးခဲ့သေးသည်။

Source : ရိုက်တာ/အက်စ်အင်န်