ရေတပ်တည်ဆောက်ရေးအစီအစဉ်ကို ဩစတြေးလျကြေညာ

ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း အကြီးဆုံး ရေတပ်တည်ဆောက်ရေးအစီအစဉ်ကို ဩစတြေးလျနိုင်ငံကထုတ်ဖော်ပြသခဲ့သည်။
ဩစတြေးလျနိုင်ငံသည် လာမည့် ၁၀ နှစ်အတွင်း ကာကွယ်ရေးစီမံကိန်းအတွက် ကန်ဒေါ်လာ ၃၅ ဘီလီယံကျော်သုံးစွဲမည့် ၎င်းတို့၏ ရေတပ်အားတည်ဆောက်သွားမည်ဖြစ်ကြောင်း ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကြေညာခဲ့သည်။


အမေရိကန်စစ်တပ်မှ ဗိုလ်ချုပ်ကြီးတစ်ဦး၏ သုံးသပ်ချက်အရ ဩစတြေးလျ တော်ဝင်ရေတပ်သည် ရေတပ် စစ်သင်္ဘော ၂၆ စင်းအထိ တိုးမြှင့် တပ်ဆင်သွားနိုင်ကြောင်းသိရသည်။


အဆိုပါစီမံကိန်းတွင် အင်အားကောင်းမွန်သည့် ဖျက်သင်္ဘော အစီး ၂၀ နှင့် ဖရီးဂိတ် စစ်သင်္ဘော ၆ စီးအပါအဝင် ဒရုန်းများပါဝင်မည်ဖြစ်ကြောင်းသိရသည်။


ထို့အပြင် ဩစတြေးလျစစ်တပ်သည် နျူကလီးယားစွမ်းအင်သုံး ရေသုပ်သင်္ဘောများလည်း တည်ဆောက်သွားမည်ဖြစ်ပြီး သုံးနိုင်ငံ မဟာမိတ်ဖြစ်သည့် Aukus စာချုပ်အရ လာမည့် ဆယ်စုနှစ်အစောပိုင်းတွင် နျူကလီးယားစွမ်းအင်သုံး ရေသုပ်သင်္ဘော ၃ စင်း တပ်တော်ဝင်နိုင်မည်ဟုဆိုသည်။

PAN