ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ရခိုင်တိုက်ပွဲသတင်း

(ပုဏ္ဏားကျွန်းမြို့နယ်)
ယနေ့နံနက်ပိုင်း ၁၀ နာရီခွဲခန့်က ယင်းမြို့ရှိ နယ်မြေခံတပ်ရင်းဖြစ်သည့် ၅၅၀ တပ်အား AA အကြမ်းဖက်အဖွဲ့မှ ရွာသားများနေထိုင်မှုမရှိတော့သည့် လက်ဝဲစာတိုက် ရွာထဲမှနေ၍ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့သောကြောင့် တပ်စစ်ကြောင်းများမှ ယင်းနေရာများသို လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့သလို လေကြောင်းဖြင့်ပါ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

(မင်းပြားမြို့)

ယနေ့နံနက်ပိုင်း ၉ နာရီခန့်၊ နေ့လည် ၁ နာရီခန့်နှင့် ညနေ ၅ နာရီခန့်တွင် တတက ၉ (ကမ်းနီ) လေ့ကျင့်ရေးကျောင်း အနီးရှိ လုံခြုံရေးကင်းစခန်းများအား AA အကြမ်းဖက်အဖွဲ့မှ လက်နက်ကြီးများဖြင့် အဝေးမှပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် လက်နက်ကြီးပစ်ကူများ၊ လေယာဉ်ပစ်ကူများဖြင့် ရန်သူစုဖွဲ့နေသည့်နေရာများအား ပြန်လည်တိုက်ခိုက်ချေမှုန်းခဲ့သောကြောင့် သောင်းကျန်းသူများ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားကြောင်း သိရှိရသည်။

(ဘူးသီးတောင်မြို့နယ်)

ယနေ့ညနေ ၃ နာရီခန့်က ခမောင်းဆိပ်စခန်းအား AA အကြမ်းဖက်အဖွဲ့မှ လာရောက်ပစ်ခတ်တိုက်ခိုက်သဖြင့် နှစ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ အပြင်းအထန်ပြန်လည်ခုခံတိုက်ခိုက်မှုကြောင့် သောင်းကျန်းသူများ သေဆုံး/ဒဏ်ရာရများစွာဖြင့် ပြန်လည်ဆုတ်ခွာထွက်ပြေး သွားကြကြောင်း သိရှိရသည်။

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှစ၍ နှစ်ဖက်အပစ်ရပ်ငြိမ်းချမ်းရေးဆောင်ရွက်မှုအား ဖောက်ဖျက်ကာ ရခိုင်ပြည်နယ်အတွင်း မြို/ရွာများအား PDF အကြမ်းဖက်အဖွဲ့များဖြင့် ပူးပေါင်း၍ ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်း၊ အများပြည်သူနေထိုင်ရာ နေရာများ/ဈေးများအား Drop Boom များကြဲ၍ မီးရှိဖျက်ဆီးခြင်း၊ ဒေသခံပြည်သူများအား ဖမ်းဆီးနှိပ်ဆက်ခြင်း၊ လူသစ်အတင်းအဓမ္မဖမ်းဆီးခြင်း၊ ကျောင်းသားလူငယ်များအား ကျောင်းမတက်ခိုင်းဘဲ အတင်းအဓမ္မဖမ်းဆီးကာ ပြည်သူ့စစ်သင်တန်း မတက်မနေရတက်ခိုင်း၍ သင်တန်းပြီးပါက ရှေ့တန်းစစ်မြေပြင်သို စေလွှတ်ခြင်း စသည့် အကြမ်းဖက်မှုများအား နေ့စဉ်လုပ်ဆောင်လျက် ရှိနေသည်။

#Crd