မြောက်ကိုရီးယားခေါင်းဆောင်ကို ရုရှားသမ္မတက ဇိမ်ခံကားတစ်စီးလက်ဆောင်ပေးပို့

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်ထံသို့ ရုရှားသမ္မတ ပူတင်မှ ပုဂ္ဂိုလ်ရေးအထူးဆက်ဆံရေးကိုပြသသည့်အနေဖြင့် ဇိမ်ခံကားတစ်စီးလက်ဆောင်ပေးပို့ ခဲ့ကြောင်းသိရသည်။


မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအွန်း၏ ညီမဖြစ်သူ ကင်ယိုဂျွန်မှ ထိုကဲ့သို့ ပေးပို့ခြင်းသည် ရုရှားနှင့် မြောက်ကိုရီးယားနှစ်နိုင်ငံ ခေါင်းဆောင်များအကြား ပုဂ္ဂိုလ်ရေးဆိုင်ရာ အထူးဆက်ဆံရေးကို ပြသခြင်းဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာသို့ပြောကြားခဲ့သည်။


အဆိုပါကားသည် ရုရှားနိုင်ငံပိုင်ကားကုမ္မဏီတစ်ခုဖြစ်သည့် Auru ဇိမ်ခံကား ကုမ္မဏီမှထုတ်လုပ်သည့် ကားဖြစ်ကြောင်း ကရင်မလင်၏ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်မှ နိုင်ငံပိုင်သတင်းဌာသို့ပြောသည်။


ရုရှားနှင့် မြောက်ကိုရီးယားတို့၏ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးသည် အမေရိကန်ထောက်လှမ်းရေးအရာရှိများအကြား ပိုမိုစိုးရိမ်ဖွယ်ဖြစ်ပေါ်နေကြောင်း အနောက်နိုင်ငံမီဒီယာများမှ ဖော်ပြသည်။


ပြီးခဲ့သည့် ဇန်နဝါရီလတွင် နှစ်နိုင်ငံ အဆင့်မြင့် သံတမန်များ မော်စကိုတွင်တွေ့ဆုံခဲ့ပြီးနောက် မကြာမှီအချိန်တွင် ရုရှားသမ္မတပူတင်သည် ပြုံးယမ်းသို့ အလည်အပတ်သွားရောက်မည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

PAN