ပြည်သူ့စစ်မှုထမ်းဖို့ အမျိုးသမီးတွေမခေါ်သေးပါ

နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မနေ့က ပြည်သူစစ်မှုထမ်းဥပဒေမှာ အမျိုးသမီးတွေကို မခေါ်သေးဘူးလို့ ပြောဆိုလိုက်တာတွေ့ရတယ်။ ဒီပြောဆိုချက်ကြောင့် သတ်မှတ်ချက်မှာပါဝင်တဲ့ အမျိုးသမီးတွေ အနေနဲ့ စစ်မှုထမ်းဆောင်ဖို့ မလိုအပ်သေးဘူးလို့ဆိုရမှာဖြစ်ပါတယ်။
စစ်မှုထမ်း ဥပဒေအရ အကြုံးဝင်သူ ၁၃ သန်းမှာ အမျိုးသား ၆ သန်းကျော်ရှိပြီး ၁ ရာခိုင်နှုန်းခန့် ၆ သောင်းနီးပါးသာ စတင်ခေါ်ယူသွားမှုဖြစ်တဲ့အကြောင်းကိုလည်း ပြောသွားတာ တွေ့ရပါတယ်။ သင်တန်းတစ်ပတ်စဉ်ကို ၅၀၀၀ ပဲခေါ်ယူမယ်ဆိုတော့ သင်တန်းတစ်ပတ်စဉ်ကို ၃ လနဲ့ပဲတွက်ဦး ၆ သန်းပြည့်ဖို့ နှစ်ဘယ်လောက်ကြာမှာလဲဆိုတာသိပါလိမ့်မယ်နော်။