ဧပြီလ ၂၇ ရက်နေ့ ရခိုင်တိုက်ပွဲသတင်းများ

ဧပြီလ ၂၇ ရက်၊ ၂၀၂၄ ခုနှစ်။ 💥💥💥💥💥💥💥💥

(ဘူးသီးတောင်)
ယနေ့နံနက်ပိုင်းက AA အကြမ်းဖက်အဖွဲ့မှ ဝါးခုတ်ချောင်း အရှေ့တောင်ဘက်ရှိ တပ်စခန်းနှင့် ကူတိုးဆိပ်ရွာအနီး လုံခြုံရေးယူနေသည့် အဖွဲ့တို့အား လာရောက်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရှိရ။

(မောင်တော)
ယနေ့နံနက်ပိုင်း ၉ နာရီအချိန်ခန့်က ကျီးကန်းပြင် ဌာနချုပ်အား AA အကြမ်းဖက်အဖွဲ့မှ အောင်မင်္ဂလာရွာအတွင်းမှနေ၍ RPG ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ AA အကြမ်းဖက်အဖွဲ့မှ ဗောဓိကုန်းရွာအတွင်းမှနေ၍ မြို့သူကြီး နခခ (၅) အား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်ခံရမှုနှင့်ပက်သက်၍ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်းနှင့် ၎င်းတို့ ပစ်ခတ်တိုက်ခိုက်သည့်နေရာများအား လက်နက်ကြီးများဖြင့် တန်ပြန်တိုက်ခိုက်ချေမှုန်း ခဲ့ကြောင်း သိရှိရ။

(အမ်း)
တောဟိန်းတောင်အနီးရှိ ပွိုင့် ၂၉၉ စခန်းအား AA အကြမ်းဖက်အဖွဲ့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ထိခိုက်မှုတစ်စုံတစ်ရာ မရှိခဲ့ကြောင်းနှင့် ၎င်းတို့ပစ်ခတ်တိုက်ခိုက်သည့်နေရာများအား လက်နက်ကြီးများဖြင့် တန်ပြန်တိုက်ခိုက်ချေမှုန်းခဲ့ကြောင်း သိရှိရ။
အဆိုပါနေရာများမှ လွဲ၍ ကျန်နေရာများတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိခဲ့ကြောင်း သိရှိရသည်။