နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် လူရည်ချွန်မောင်မယ်များအား တွေ့ဆုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟို ဌာန-၂ (MICC-II)၌ တွေ့ဆုံ၍ ဩဝါဒစကားပြောကြားပြီး လူရည်ချွန် မောင်မယ်များ၊ ကင်းထောက် လူငယ်၊ ကြက်ခြေနီလူငယ်၊ ရေကြောင်းလူငယ်၊ လေကြောင်းလူငယ်များနှင့် နေ့လယ်စာကို အတူတကွ သုံးဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။