တောင်ကြီးမှာ ငွေကျပ် ၇၃၁၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲသည် ဧပြီလ ၂၅ ရက် ည ၁၂ နာရီမိနစ် ၃၀ က တောင်ကြီးမြို့နယ် တောင်ကြီး- အောင်ပန်းသွား ကားလမ်းတောင်လေးလုံး ကျေးရွာအနီးတွင် ချမ်းမြေ့နိုင်(ခ)ကျော်မျိုး မောင်းနှင်လာသည့် ALPHARD မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်မှ အိုက်စ် (မက်သ်အဖက်တမင်း) ၃၀ ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ နံနက် ၅ နာရီတွင် တောင်ကြီးမြို ကျောင်းကြီးစုရပ်ကွက်နေ စိုင်းစော ဟန်(ခ)စောဟန်အား စိတ်ကြွရူးသွပ်ဆေးပြား ၃၅၀၀၀၊ စိတ် ပြောင်းဆေးဝါး Happy Water ၂ ဒသမ ၄ ကီလိုနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။