ကလေးမြို့နေ လူမှုကွန်ယက်ပေါ်တွင် မဟုတ်မမှန် သတင်းများရေးသားထားသူအား ဖမ်းဆီးရမိ

၂၀၂၃ ခုနှစ်၊ မတ်လ ၂၄ ရက် နေ့လယ် ၂ နာရီခန့်တွင် ကလေးမြို၊ အောင်သစ္စာရပ်ကွက်တွင် အများပြည်သူများ အေးချမ်းစွာ သွားလာနေထိုင်ရေးအတွက် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေး အဖွဲဝင်များသည် လူ/ယာဉ် ဝင်ထွက်အား စစ်ဆေးနေစဉ် ကလေးမြိုတွင်းဘက်မှ မောင်းနှင်လာသော ဆိုင်ကယ် ၁ စီးအား ရပ်တန့် စစ်ဆေးခဲ့ရာ ဖြူဖြူစိုး(ခ)နန္ဒာ သည် လူမှုကွန်ယက်ပေါ်တွင် PDF ပဒက်များအား ထောက်ခံအားပေးခြင်း၊ အများပြည်သူများ အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန် သတင်းများ ရေးသားထားကြောင်း အထောက်အထားများနှင့် တကွ စစ်ဆေးတွေ့ရှိရသဖြင့် လုံခြုံရေးအဖွဲဝင်များက ဖမ်းဆီးခဲ့ပြီး တရားဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။