စစ်ကိုင်းမြို့နယ်၌ မိသားစုလိုက် သတ်ဖြတ်ခံရ

ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၁၁၃၀ နာရီတွင် စစ်ကိုင်းမြို့နယ်၊ စာရေး(ရှေ့)ကျေးရွာနေ မိသားစုအား နေအိမ်၌ ရှိနေစဉ် အကြမ်းဖက် PDF ၅ ဦးခန့်မှ လက်လုပ်သေနတ်များ ကိုင်ဆောင်၍ ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ ပြန်လည်ထွက်ခွာသွားခဲ့ရာ ဒေါ်ရွှေချောတွင် ဝမ်းဗိုက် ကျည်ဖောက်ဝင်ဒဏ်ရာ၊ သမီးဖြစ်သူ ဒေါ်အိအိချော(၃၅)နှစ်တွင် ရင်အုံကျည်ဖောက်ဝင်ဒဏ်ရာ၊ ဒေါ်ဝင်းပပအောင် (၃၀)နှစ်တွင် နဖူးကျည်ထိမှန်ဒဏ်ရာ၊ ဒေါ်ဝင်းပပအောင်၏ ခင်ပွန်းဖြစ်သူ ဦးအောင်နိုင်သူ(၃၀)နှစ်တွင် ရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်းနှင့် သေဆုံးသူများသည် အကြမ်းဖက်သူများအား ထောက်ခံ အားပေးခြင်းမရှိသဖြင့် အကြမ်းဖက်သူများမှ ဒလန်ဟုစွပ်စွဲ၍ မိသားစုလိုက် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။