လွိုင်ကော်မြို့တွင် လက်လုပ်သေနတ် ပွဲစားဆောင်ရွက်သူအားဖမ်းမိ

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လွိုင်ကော်မြို့၌ ပိတ်ဆို့စစ်ဆေး ရှာဖွေခြင်းများ ဆောင်ရွက်လျက်ရှိစဉ် မေလ ၅ ရက်နေ့ နေ့လည် ၁ နာရီတွင် ဟိုက်ဂျက်(အဖြူရောင်)ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်လိုက်ပါလာသည့် ဖရန်စစ္စကို (ခ) မောင်ကို့၊ ၂၉ နှစ်၊ (ဘ)ဦးနွဲ့လက်၊ ပီမောင်းကျေးရွာ၊ ဖယ်ခုံမြို့နယ်နေသူ ကိုင်ဆောင်သော လက်ကိုင်ဖုန်းအတွင်းမှ မသင်္ကာ ဖွယ်ရာ မှတ်တမ်းဓာတ်ပုံများတွေ့ရှိသဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၎င်း၏လက်ကိုင် ဖုန်း အတွင်းရှိ မှတ်တမ်းဓာတ်ပုံများသည် လက်လုပ်သေနတ် ၃ လက် အရောင်း/ အဝယ်ပြုလုပ်ရာတွင် အသုံးပြုရန်အတွက် ရိုက်ကူးထားသော ဓာတ်ပုံများဖြစ်ကြောင်းသိရပြီး အဆိုပါ ဖရန်စစ္စကို(ခ)မောင်ကို့ အားလွိုင်ကော်မြို့မရဲစခန်း၌ ချုပ်နှောင်ထားရှိပြီး အမှုဖွင့်အရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။