အင်းစိန်ထောင်ရှေ့ဗုံးပေါက်ကွဲမှုနှင့် ပက်သက်ပြီး ပြည်ဖျက်မီဒီယာများ သတင်းမှားများဖြန့်လွှင့်ရေးသား

ဖြစ်စဉ်အမှန်မှာ (၂၇.၁၂.၂၀၂၃)ရက်နေ့ နေ့လည်တစ်နာရီချိန်ခန့်တွင် အင်းစိန်မြို့နယ် ၊စျေးကုန်းအရှေ့ရပ်ကွက်၊လှိုင်မြစ်လမ်း၊ကံ့ကော်မိတ္တူဆိုင်ရှေ့၌ ပြည်သူများရပ်နားထားသည့် မော်တော်ယာဉ် တစ်စီး၏ အောက်တွင်အကြမ်းဖက်သမားများ၏ လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့မူ့ကြောင့် Toyota Crown အညိုရောင်ယာဉ်တစ်စီး အနောက်ဘန်ကာပြုတ်ထွက်ပျက်စီးခဲ့ကာ လမ်းသွားလမ်းလာ အပြစ်မဲ့ပြည်သူ အမျိုးသမီးနှစ်ဦးမိုင်းစများထိမှန်ကာ ဒဏ်ရာများအသီးသီးရရှိခဲ့ခြင်း ဖြစ်သည်။
လက်ရှိကာလတွင် အကြမ်းဖက် PDFများဟာရန်ကုန်မြို့အတွင်း၌ အင်အားအများအပြားဖြင့် လုံခြုံရေးတင်းကျပ်စွာချထားခြင်း၊အကြမ်းဖက်လုပ်ရပ်များကိုလက်မခံသောပြည်သူများ၏ သတင်းပေးပို့မှုများကြောင့် ဖမ်းဆီးခံရသူများ များပြားလာခြင်းတို့ကြောင့် အကြမ်းဖက်PDFများသည် ၎င်းတို့ထံတွင် သိုဝှက်သိမ်းဆည်းထားသော လက်နက်ခဲယမ်းနဲ့ ဖောက်ခွဲရေးပစ္စည်းများအား မသိမ်းဆည်းထားရဲပဲ တွေ့ရာနေရာများတွင် စွန့်ပစ်မှုများ များပြားလားကြောင်းတွေ့ရှိရပါသည်။
ယခုဖြစ်စဉ်မှာလည်းအကြမ်းဖက် PDFများသည်လုံခြုံရေးတပ်ဖွဲ့ဝင်များ အင်အားများပြားစွာချထားမှုကြောင့် ဦးတည်တိုက်ခိုက်ခြင်းမပြုရဲပဲ ယုတ်မာအောက်တန်းကျစွာ ပြည်သူများသွားလာအသုံးပြုနေသော နေရာမျိုးတွင် ဆင်ခြင်တုံတရားကင်းမဲ့စွာဖြင့်လာရောက်စွန့်ပစ်ထားသော လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် အပြစ်မဲ့ပြည်သူ ၂ဦး ဒဏ်ရာရရှိခဲ့ခြင်းသာဖြစ်ပါသည်။
ဒါကိုမျောက်ပြဆန်တောင်းလို့ကောင်းအောင် ပြည်ဖျက်မီဒီယာများထံသို့ သတင်းမှားများပေးပို့ကာ ၎င်းတို့ငွေရရှိရေးအတွက် မဟုတ်မမှန်သတင်းများ ရေးသားပေးပို့နေခြင်းသာဖြစ်ကြောင်း သိရှိရပါသည်။