ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်အတွင်း တိုက်ပွဲ၌ တပ်မတော်သား ၅ ဦး သေဆုံးတယ်ဆိုတဲ့ သတင်းအမှား


ပဲခူးတိုင်း၊ တောင်ငူရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် နှင့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် အတွင်းရှိ တပ်မတော်၏ ကျောက်လုံး ကြီးစခန်း ထုံးဘိုကြီးစခန်း၊ သံမိုးတောင်စခန်း နှင့် ဗဟုန်းစခန်းစသည့် စခန်း ၄ ခုတို့ကို KNU/KNLA တပ်မဟာ၂ တပ်ရင်း ၅ ၊ ALPHA ONE Drone အဖွဲ့နှင့် ပူးပေါင်းတပ်များက မတ်လ ၂၇ ရက်နေ့ နံနက် ၇ နာရီ တွင် တစ်ပြိုင်နက် တိုက်ခိုက်ခဲ့ရာ သံမိုးတောင်စခန်းတွင် ဒုတပ်ရင်းမှူး ၁ ဦး အပါအဝင် ၅ ဦးသေဆုံးခဲ့ကြောင်း Khit Thit က လူမှုကွန်ရက်ပေါ်တွင် ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။
သတင်းအား စိစစ်ရာတွင် >>> မတ်လ ၂၇ ရက်နေ့ ပဲခူးတိုင်း၊ တောင်ငူရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် နှင့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် အတွင်း၌ တပ်မတော်တပ်ဖွဲ့ဝင်များနှင့် KNU/ KNLA/ PDF များ ထိတွေ့တိုက်ပွဲများတွင် တပ်မတော်သားများ ထိခိုက်မှုမရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါတယ်။ Khit Thit မှ အမှန်မရေးဘဲ တပ်မတော်သား ၅ ဦး သေဆုံးတယ်ဆိုပြီး လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။
False-News
FACT-CHECK
https://t.me/factcheckmm