တပ်မ(၄၄) ၏ တပ်မမှူး ကျဆုံးဟု ထိုင်းသတင်းအချို့ဖော်ပြနေတဲ့ သတင်းမှား

အမှတ် (၄၄) ခြေမြန်တပ်မဌာနချုပ်ရဲ့ တပ်မမှူး ကျဆုံးသွားတယ်လို့ ထိုင်းသတင်းအချို့မှာဖော်ပြနေတယ်ဆိုပြီး ရုပ်ပုံမှာ ထိုင်းစာတွေရေးထားပြီး သတင်းထုတ်နေပေမဲ့လည်း အဲဒီသတင်းက မှားယွင်းတယ်လို့ PDF နဲ့ EAO တွေရဲ့ စစ်ရေးသတင်းကို မှတ်တမ်းတင်နေတဲ့ PDF ဘက်က ငြင်းဆိုတဲ့ သတင်းဖော်ပြထားပါတယ်။

“ဧပြီလ ၂၀ ရက်နေ့ မြဝတီ အမှတ် ၂ ချစ်ကြည်ရေးတံတားအနီးတိုက်ပွဲအတွင်း စစ်ကောင်စီ အမှတ် (၄၄) တပ်မမှူးဗိုလ်မှူးကြီး စိုးမင်းထက် အပါအဝင် အဖွဲ့ဝင် ၅၀ ခန့် သေဆုံးတယ်လို့ ထိုင်းသတင်းတွေက
လွှင့်နေပါတယ်။ PDF ဘက်က ရရှိထားတဲ့သတင်းမှာ အမှတ် (၄၄) တပ်မမှူးဟာ မြဝတီမြို့ထဲက ရှေ့တန်းစစ်ဆင်ရေးရုံးမှာ KNA /BGF အမှတ်(၁)အထူးလုံခြုံတပ်ရဲ့ တပ်ရင်းမှုုးနိုင်မောင်ဇော်နဲ့အတူ ဧပြီလ ပထမအပတ်ထဲက ရှိနေတာဖြစ်တယ်။ ခလရ (၂၇၅) တပ်စွန့်ဆုတ်ခွာချိန်မှာ တပ်ရင်းမှူးသာ လိုက်ပါသွားခဲ့ခြင်ဖြစ်တယ်”လို့ PDF တာဝန်ခံ ထွန်းထွန်းက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ဒီသတင်းဖြစ်စဥ်နဲ့ပတ်သက်ပြီး ဗိုလ်မှူးကြီးစိုးမင်းထက်နဲ့ နီးစပ်တဲ့မိတ်ဆွေတစ်ဦးက ဖုန်းဆက်သွယ်မေးမြန်းရာမှာလည်း ဗိုလ်မှူးကြီးစိုးမင်းထက်က “ကောလာဟလတွေပါ”လို့ ပြန်လည်ဖြေဆိုထားတာကိုလည်း လူမှုကွန်ရက်မှာ မျှဝေထားတာကို တွေ့ရှိရပါတယ်။