အကြမ်းဖက်သမားများအား ပြစ်ဒဏ်အသီးသီးချမှတ်

(13-10-2022)
(၁)
မြောက်ဥက္ကလာပမြို့နယ်တွင်နေထိုင်၍
မြောက်ဥက္ကလာပမြို့နယ်၊ ပ.က.ဖ ထောက်ပို့
တာဝန်ခံအဖြစ် တာဝန်ယူဆောင်ရွက်ခြင်း၊
အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ရန်
လက်လုပ်သေနတ် ၂ လက်နှင့် ကျည်ဆံများအား
ဝယ်ယူ၍ နေအိမ်တွင် သိမ်းဆည်းခဲ့ခြင်း၊ မြောက်
ဥက္ကလာပမြို့နယ်အတွင်းရှိ ခြောက်ကွေ့မီးပွိုင့်၊
ကန်သာယာမီးပွိုင့်၊ ခေမာသီလမ်းရှိ ဂိတ်ဟောင်း
ကွေ့မှတ်တိုင်တို့အား ဖောက်ခွဲရန်တွက် အခကြေး
ငွေပေး၍ ခိုင်းစေခဲ့ခြင်း၊ တာမွေ မြို့နယ်၊ ကျားကွက်
သစ်ရပ်ကွက်ရှိ စီမံအုပ်ချုပ်ရေးမှူးရုံးအား လက်ပစ်
ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်ခြင်းများဖြစ်သည့်
အကြမ်းဖက် ဖောက်ခွဲဖျက်စီးရေးလုပ်ရပ်များ
ဆောင်ရွက်ခဲ့သူ –
* တရားခံ မျိုးမြင့် (ခ) ကိုမျိုးအား
အကဖ-၅၀(ဈ) အရ ထောင်ဒဏ်တစ်သက် ချမှတ်
လိုက်ကြောင်း။


(၂)
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၇)ရပ်ကွက်
တွင်နေထိုင်၍ အကြမ်းဖက်သမားများထံ ငွေကြေး
များ သွားရောက်ပို့ဆောင်ပေးခဲ့သူ –
* တရားခံ ဖြိုးကျော်ကျော်(ခ) ကိုဖြိုးအား
အကဖ-၅၂(က) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်
(၇)နှစ် ချမှတ်လိုက်ကြောင်း ။


(၃)
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် နေထိုင်၍
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ
တောတွင်းတစ်နေရာတွင် အကြမ်းဖက် စစ်
သင်တန်းအား (၁)ပတ်ခန့် တက်ရောက်ခဲ့သူ –
* တရားခံ အောင်ကိုဦး (ခ) အောင်ကိုအား
အကဖ-၅၂(က)အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်
(၇)နှစ် ချမှတ်လိုက်ကြောင်း။


(၄)
ရွှေပြည်သာမြို့နယ်အတွင်း နေထိုင်၍ အကြမ်းဖက်
တိုက်ခိုက်မှုများတွင် အားပေးပါဝင်ကူညီခြင်း၊
လက်နက်ခဲယမ်းများနှင့် ဖောက်ခွဲရေး ပစ္စည်း
များအား သယ်ယူပို့ဆောင်၍ နေအိမ်၌ သိမ်းဆည်း
ထားပေးခဲ့သည့် တရားခံများဖြစ်ကြသော
* ဝေယံဖြိုး(ခ) ယံယံ၊
* ရှုမောင် မောင်အောင် (ခ) မောင်မောင်ဇာ
တို့ ၂ ဦးအား အကဖ-၅၁(ဂ)အရ အလုပ်ကြမ်းနှင့်
ထောင်ဒဏ်(၁၀)နှစ် ချမှတ်လိုက်ကြောင်း။


(၅)
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် နေထိုင်၍
အကြမ်းဖက်ဆူပူ ဆန္ဒပြပွဲများတွင် ပါဝင်ခြင်း၊
ဆူပူဆန္ဒပြသူများအား လိုက်လံ စည်းရုံးခြင်းများ
ဆောင်ရွက်ခဲ့သူ
* တရားခံ အောင်ကျော်မြင့်(ခ) ကိုဒီ (ခ) ကိုအောင်အား
ရာဇသတ်ကြီးပုဒ်မ၅၀၅-(က)အရ အလုပ်ကြမ်း နှင့်
ထောင်ဒဏ်(၃)နှစ် ချမှတ်လိုက်ကြောင်း။


(၆)
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင်နေထိုင်၍
အကြမ်းဖက်သမားတစ်ဦးထံမှ ၉မမ ကျည်ဆံ
များနှင့် လက်ပစ်ဗုံးတို့အား သွားရောက် ယူ
ဆောင်ပေးခဲ့သူ
* တရားခံ ဒေါ်ရီရီဝင်းအား
အကဖ-၅၂(က)အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်
(၇)နှစ် ချမှတ်လိုက်ကြောင်း။


(၇)
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် နေထိုင်၍
ကရင်ပြည်နယ် တောတွင်းတစ်နေရာတွင်
အကြမ်းဖက်စစ်သင်တန်းအား ၂၇ ရက် ကြာ
တက်ရောက်ခဲ့သူ
* တရားခံ လျှံဖြိုးအောင်အား
အကဖ-၅၂(က) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်

(၇)နှစ် ချမှတ်လိုက်ကြောင်း။


(၈)
မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်၍
အကြမ်းဖက်သမားများ နှင့် ချိတ်ဆက်၍
ကရင်ပြည်နယ်၊ ဘုရားသုံးဆူဒေသရှိ တောတွင်း
တစ်နေရာတွင် အကြမ်းဖက်စစ်သင်တန်းအား
၁၀ ရက်ကြာ တက်ရောက်ခဲ့သူ
* တရားခံ အောင်ကိုကို(ခ) အောင်ကိုအား
အကဖ-၅၂(က)အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ်
(၇)နှစ် ချမှတ်လိုက်ကြောင်း။


(၉)
မြောက်ဥက္ကလာပမြို့နယ်တွင်နေထိုင်၍
အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်
ပစ္စတိုသေနတ် ၁ လက်အား သယ်ယူပို့ဆောင်
ပေးခဲ့သူ
* တရားခံ အောင်ကိုထွေး(ခ) ဗျတ္တအား
အကဖ-၅၂(က) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်
(၇) နှစ် ချမှတ်လိုက်ကြောင်း။


(၁၀)
မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်၍
နတ်မောက် PDF အကြမ်းဖက်အဖွဲ့အတွက်
အခကြေးငွေယူ၍ လိုအပ်သည့် ငွေကြေး
များအား ပို့ဆောင်ပေးခဲ့ခြင်းနှင့် အကြမ်းဖက်
လုပ်ရပ်များ ဆောင်ရွက်ရန် အတွက် ပစ္စတို
သေနတ် ၁ လက်အား သယ်ယူပို့ဆောင်ပေးခဲ့သူ
* တရားခံ ချမ်းငြိမ်း(ခ) ဗိုလ်ချမ်းအား
အကဖ-၅၂ (က)အရ အလုပ်ကြမ်း နှင့်ထောင်ဒဏ်
(၇) နှစ် ချမှတ်လိုက်ကြောင်း ။။။

(စစ်တရားရုံးရှိတဲ့နေ့တိုင်း တင်ပေးပါမည်)


#KT