ရထားပေါင်းကူးတံတားပြင်အဖွဲ့ကို KNU/PDF က Drop Bomb ဖြင့် ထပ်မံတိုက်ခိုက်

ပဲခူး – မော်လမြိုင် ရထားလမ်းရှိ မိုင်းခွဲဖျက်ဆီးခံရသည့် ရထားပေါင်းကူးတံတားအား ပြုပြင်နေသောအဖွဲ့ကို KNU/PDF အကြမ်းဖက်သမားများက ယနေ့ မတ်လ ၁၉ ရက်နေ့တွင် ထပ်မံ၍ ဒရုန်းအသုံးပြုပြီး Drop Bomb ဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
KNU/PDF အကြမ်းဖက်သမားများက ဒရုန်းဖြင့် Drop Bomb ပစ်ချတိုက်ခိုက်ရာ ရထားလမ်းပြုပြင်နေသည့် နေရာအနီး ရော်ဘာခြံအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရသည်။
ပဲခူး – မော်လမြိုင် ရထားလမ်းတွင် KNU/PDF အကြမ်းဖက်သမားများက မကြာခဏ တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိကြောင်းလည်းသိရပါတယ်။ #Crd