သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအား ဆွမ်းလောင်းလှူပွဲပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိဘုရားကြီး မျက်နှာတော်သစ်မင်္ဂလာနှင့် ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအား ဆွမ်းတော်လောင်းလှူပွဲကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါ ဘုရားကြီး၌ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားများ တက်ရောက်ကြပြီး      မဟာမြတ်မုနိဘုရားကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးနှင့်ဆွမ်းများ ဆက်ကပ်ပူဇော်ကြပြီး  ဘုရားကြီးအား မျက်နှာတော်သစ် ရေသပ္ပါယ်ခြင်း၊ ရွှေသင်္ကန်းနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။