မင်္ဂလာရှိသော နံနက်ခင်းလေးပါ

ကိုယ့်ဘ၀ကို တာ၀န်ယူပေးမှာက
အကျင့်ကောင်းနှင့်
မိမိစိတ်ကောင်းလေးတွေပါပဲ ။

တစ်ခြားအောင်မြင်မှုတွေဆိုတာ
မရှိလည်း သိပ်အရေးမပါပါဘူး ။

ဘ၀တွေ မပြည့်စုံလို့လည်း
လူဖြစ်တွေ မရှူံးနိုင်ကြပါဘူး ။

အခြံအရံအဆောင်ယောင်တွေဆိုတာ
နေရေးရဲ့ အဆင်ပြေမှုတစ်ချို့ပါ ။

တမလွန်နဲ့ နီးလာလေလေ
ဒီဘ၀ရဲ့ ဂုဏ်ပကာသနတွေဟာ
တစ်စိမ်းဖြစ်ဖို့ နီးလာလေလေပါပဲ ။

အကျင့်ကောင်းသီလသမာဓိတွေ
ကိုယ့်မှာ ရှိမထားဘူးဆိုရင်
သေခါနီးမှာစိတ်တွေပျံ့လွင့်နိုင်ပါတယ် ။

သေမင်းကိုဘာနဲ့မှ
လက်ဆောင်ထိုးလို့မရနိုင်တဲ့အတွက်

ကိုယ့်စိတ်တွေ ရိုးသားကြမှသာ
စိတ်အေးစွာနဲ့ ခေါင်းချနိုင်ကြမှာပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏