နိုဝင်ဘာ ၁၈ ရက်နေ့တိုက်ပွဲသတင်းပေါင်းချုပ်

၁။ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ကင်းကျေးရွာဝန်းကျင်အနီး လုံခြုံရေးတပ်ဖွဲ့များ နယ်မြေရှင်းလင်းစဉ် TNLAနှင့် PDF ပူးပေါင်း ၅၀ ဦးခန့်က စတင်ပစ်ခတ်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရ။

၂။ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဂုပ္ပိ ကျေးရွာအနီးရှိ ကထိလှ ရဲကင်းစခန်းသို့ AA သောင်းကျန်းသူ ၃၀ ဦးခန့်က ၂ ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်သဖြင့် နံနက် ၈  နာရီနှင့် နေ့လည် ၂ နာရီတို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရှိရ။

၃။ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ နှုံးဘူးစခန်း ပင်မကုန်းမှ ကာကင်းစခန်းသို့ ထွက်ခွာလာသော လုံခြုံရေးတပ်ဖွဲ့များအား ပင်မကုန်း၏ အရှေ့မြောက် မီတာ ၂၀၀ ခန့်အကွာသို့အရောက် AA သောင်းကျန်းသူ ၅၀ ဦးခန့်က လာရောက်ပစ်ခတ်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရ။

၄။ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ ထရွန်အိုင်စခန်းသို့ AA သောင်းကျန်းသူ ၅၀ ဦးခန့်က နံနက် ၁၀  နာရီတွင် တစ်ကြိမ်၊ နေ့လည် ၁ နာရီဝန်းကျင်တွင် တစ်ကြိမ် ပေါင်း ၂ ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် မိမိဘက်မှ လေကြောင်းပစ်ကူရယူ၍ ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း သိရှိရ။

၅။ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် တောင်ကလေးရဲကင်းစခန်းသို့ KNLA တပ်မဟာ ၆ ၊ ရင်း(၁၇) နှင့် PDF ပူးပေါင်းအင်အား(စိစစ်ဆဲ) အဖွဲ့ ထိန်းချုပ်မောင်းနှင်သည့် ဒရုန်း ၁ စီး အမြင့်ပေ မီတာ ၆၀၀ ခန့်မှ ပျံသန်းလာပြီး Bomb ၅ လုံး ဖြုတ်ချခဲ့သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရှိရ။

၆။ ကယားပြည်နယ် လွိုင်ကော်မြို့ရှိ အကျဉ်းထောင်သို့ နေရာ ၂ နေရာမှ KNPP/KNDFနှင့် PDF ပူးပေါင်း ၁၀၀ ဦးခန့်က ၁ ကြိမ်၊ ၅၀ ဦးခန့်က ၁ ကြိမ်၊ ပေါင်း ၂ ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရှိရ။

၇။ ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ပြည်နယ်အကူ ရဲတပ်ဖွဲ့ခွဲရုံးသို့ နေရာ ၂ နေရာမှ KNPP/KNDFနှင့် PDF ပူးပေါင်း ၅၀ ဦးခန့်က ၁ ကြိမ်၊ ၈၀ ဦးခန့်က ၁ ကြိမ် ၊ ပေါင်း ၂ ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့။