သောင်းကျန်းသူများအား တရုတ်နိုင်ငံမှ ပံ့ပိုးပေးနေမှုများအား ရပ်တန့်ရန် ချီတက်တောင်းဆို

ယနေ့ နိုဝင်ဘာ ၁၉ ရက်တွင် ရန်ကုန်မြို့၌ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေမှုများနှင့် ပတ်သက်၍ ဆန့်ကျင်ကန့်ကွက်သူများက တရုတ်သံရုံးရှေ့အထိ ချီတက်ကြွေးကြော်ပြီး တရုတ်နိုင်ငံအနေဖြင့် မြန်မာပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြာအောင် မလုပ်ဆောင်ရန်၊ အကြမ်းဖက်အဖွဲ့အစည်းများကို ပံ့ပိုးခြင်း မပြုရန် ဆက်လက် ချီတက်တောင်းဆိုခဲ့ကြကြောင်း သိရသည်။