ရွှေတိဂုံစေတီတော်မြတ်ကြီး၌ သီတင်းကျွတ်မီးထွန်းပွဲတော်နှင့်(အဘိဓမ္မာအခါတော်နေ့)အခမ်းအနားကျင်းပမည်

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ သီတင်းကျွတ်မီးထွန်းပွဲတော်နှင့်သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)အခမ်းအနားများကျင်းပသွားမည်ဟု ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။

ထိုသို့ ကျင်းပရာ၌ အောက်တိုဘာ ၂၈ ရက်ညနေ ၅ နာရီတွင် လျှပ်စစ်မီးစေတီများအား ရင်ပြင်တော်တစ်ပတ်လှည့်လည်၍ အောင်မြေတွင် လှူဒါန်းပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။