AFC Futsal Asian Cup 2024 ပြိုင်ပွဲကို ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ် သွားမည်

မြန်မာ့လက်ရွေးစင် အသင်းသည် AFC Futsal Asian Cup 2024 Qualifiers ပြိုင်ပွဲ၏ ခြေစစ်ပွဲကို အုပ်စု (င)တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အုပ်စု ဒုတိယဖြင့် ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး ဖြစ်သည်။

မြန်မာအသင်းနှင့် အတူ အာဆီယံ ‌ဒေသတွင်းမှ ထိုင်း၊ ဗီယက်နမ် အသင်းတို့ ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး ဂျပန်၊ အီရန်၊ ဉဇဘက်ကစ္စတန်၊ တာဂျစ်ကစ္စတန်၊ ကူဝိတ်၊ ဆော်ဒီအာရေဗျ၊ အီရတ်၊ ဘာရိန်း၊ တောင်ကိုရီးယား၊ ကာကျစ်စတန်၊ အာဖဂန်နစ္စတန်၊ ဩစတြေးလျ၊ တရုတ်တို ခြေစစ်ပွဲအောင်မြင်ခဲ့သည်။

AFC Futsal Asian Cup 2024 ပြိုင်ပွဲကို ထိုင်းနိုင်ငံတွင် ၂၀၂၄ ဧပြီ ၁၇မှ ၂၈ ရက်အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်သည်။