ဗုဒ္ဓဘာသာဝင်တစ်ယောက်၏ အတွေးအမြင်

၁။ အခုလိုကမ္ဘာပေါ်မှာ ဉာဏ်တော်အမြင့်ဆုံး ထိုင်တော်မူရုပ်ပွားတော်မြတ်ကြီး ဖြစ်လာဖို့ဆိုတာ လွယ်လွယ်နဲ့ဖြစ်လာတာမဟုတ်သလို ဆင်းတုတော်အပိုင်း၊ ပလ္လင်တော် အပိုင်းစတဲ့ ကျောက်တုံးတော်ကြီးများကို အပိုင်းလိုက်ခွဲ၍ ရေလမ်းကြောင်း၊ ကုန်လမ်း ကြောင်းများဖြင့် အခက်အခဲများကြားမှ အဆင့်ဆင့် ပင့်ဆောင်ပူဇော်ခဲ့ရတာဖြစ်ပြီး ရုပ်ပွားတော်မြတ်ကြီးကို တည့်မတ်တဲ့နေရာ၊ ရာသီဥတုနှင့်သဘာဝဘေးအန္တရာယ် ဒဏ်ခံ နိုင်ရေးအတွက် တွက်ချက်ဆောင်ရွက်မှုတွေမှာလည်း အမှားအယွင်းအခက်အခဲမရှိဘဲ ကျော်ဖြတ်နိုင်ခဲ့ခြင်းဟာ နတ်ကောင်းနတ်မြတ်တို့၏ ကူညီစောင့်ရှောက်မှုတွေကြောင့် လည်း ဖြစ်ပါတယ်။
၂။ ထိုင်တော်မူကျောက်ဆစ်ရုပ်ပွားတော်ကြီးကို မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်းတောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ မြန်မာနိုင်ငံသည်ထေရဝါဒ ဗုဒ္ဓဘာသာ ကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီး သာယာဝပြောမှုရှိစေရန်၊ ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုဖြစ်စေရန် စတဲ့ ရည်ရွယ်ချက် ၄ ရပ် နဲ့ တည်ထားကိုးကွယ်ခဲ့တာဖြစ်တယ်။
၃။ အခုလိုကမ္ဘာပေါ်မှာ ဉာဏ်တော်အမြင့်ဆုံး ထိုင်တော်မူရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်တဲ့ ပုဂ္ဂိုလ်ဟာ ရှေးကုသိုလ်ကံစေတနာ၊ ယခုပစ္စုပ္ပန်ကာလ ကုသိုလ်ကံ စေတနာတို့နဲ့ ပြည့်စုံမှသာ တည်ထားကိုးကွယ်နိုင်တာဖြစ်ပြီး ယခုကဲ့သို့ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးကို ဦးဆောင်တည်ထားကိုးကွယ်နိုင်ခြင်းဟာလည်း မြန်မာနိုင်ငံ၏ အမျိုးဘာသာ သာသနာ အဓွန့်ရှည်တည့်တံ့ခိုင်မြဲစေရေးအတွက် များစွာအထောက်အပံ့ဖြစ်စေမှာပဲဖြစ် ပါတယ်။ သာမန်အားဖြင့် ဒီလိုလုပ်ချင်ပါတယ်ဆိုရင်တောင် လုံးဝအလွယ်တကူလုပ်လို့ မရနိုင်ပါဘူး။
၄။ ဒီလိုကုသိုလ်ထူးတဲ့အတွက် မြန်မာပြည်သူတွေ ဝမ်းမြောက်ဝမ်းသာဖြစ်နေချိန် မှာ နိုင်ငံတော်အကြီးအကဲကို တိုက်ခိုက်ဝေဖန်ပြောဆိုနေခြင်းဟာ ပုဂ္ဂိုလ်ရေးအရ ထိခိုက်မှုမရှိသော်လည်း ဗုဒ္ဓဘာသာ အယူအဆအရ ကုသိုလ်ကောင်းမှု ပြုလုပ်နေမှုအား မုဒိတာမပွားနိုင်တဲ့အပြင် အဖျက်အမှောက်ပြောဆိုနေခြင်းဟာလည်း ယခုဘဝသာမက နောင်ဘဝအဆက်ဆက်တွေမှာ အကုသိုလ်အတုံးလိုက် အတစ်လိုက်ခံယူနေရမှာပဲ ဖြစ်ပါတယ်။ အခုလိုရည်ရွယ်ချက်ရှိရှိ ဘာသာရေးအရ ဝေဖန်တိုက်ခိုက်သူတွေကို ဗုဒ္ဓဘာသာအယူအဆအရ မကောင်းမှုကံ၏ အကုသိုလ်တန်ပြန်အကျိုးပေးမှုကို ဧကန် မုချပြန်လည်ခံစားရစေမှာဖြစ်ပါတယ်။
၅။ ဒါ့အပြင် ယခုတည်ထားသည့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည် ယခင် ကတည်းကပင် ဤနေရာ၌ တစ်ချိန်ဖြစ်ပေါ်လာမည်ဆိုတာ ရှိထားပါလိမ့်မည်။ မည်သို့ပင်ဖြစ်ပါစေ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ကမ္ဘာ့အကြီးဆုံး ထိုင်တော်မှု ကျောက်ဆစ်ရုပ်ပွားတော်မြတ်ကြီးအား မြန်မာနိုင်ငံတွင် တည်ထားကိုးကွယ် နိုင်ခဲ့တဲ့ အတွက် သဒ္ဓါကြည်နူးသပ္ပါယ်ရပြီး မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ အတိုင်းမသိ ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း ………………….
စေတနာဖြင့်
ကျော်ကြီး