မင်္ဂလာရှိသော မနက်ခင်းလေးပါရှင်

ဘယ်သူပဲဖြစ်ဖြစ်
ပေးတဲ့သူ ကြွေးတဲ့သူကိုပဲ
သတိတရခင်တတ်ကြပါတယ် ။

ဒီကမ္ဘာမြေလောကကြီးမှာ
မေတ္တာပေးတဲ့သူဟာလည်း

ချစ်ခင်ဖို့ကောင်းတဲ့
ပုဂ္ဂိုလ်တစ်မျိုးဖြစ်သလို

တစ်စုံတစ်ခုပေးတဲ့သူဟာလည်း
ချစ်ခင်ဖို့ကောင်းတဲ့
ပုဂ္ဂိုလ်တစ်မျိုး ဖြစ်ပါတယ် ။

ဘယ်အရာမှ မပေးရင်တော့
အားလုံးဟာ စိမ်းသွားကြပါတယ် ။

တစ်ချို့ဆက်ဆံရေးတွေဟာ
အေးစက် မှေးမှိန်သွားပြီးတော့

တစ်ချို့
ကိုယ်ရမယ့် အခွင့်အရေးတွေ

ဆုံးရှုံးသွားကြရတာဟာလည်း
ကိုယ်ရဲ့ ပေးတဲ့အမှုနည်းသွားလို့ပါပဲ ။

ပေးလိုက်ပြီးလို့
ကျေးဇူးမသိတဲ့သူဆိုရင်
ပေးတဲ့သူဘက်က မလိုမလွန်ဘူးပေါ့ ။

ဒါကြောင့် စွန်ကြဲမှုစေတနာအပေး
နွေးထွေးမှုမေတ္တာအပေးတွေ
များများ ပေးတတ်ကြဖို့လိုပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏