မင်္ဂလာရှိသော မနက်ခင်းလေးပါ

အရာအားလုံးထက်သာပါတယ်

သူများက မကောင်းရင်
ကိုယ်ကပဲ ပြောင်းပေးလိုက်ပါ ။

မကောင်းတဲ့သူနဲ့ လိုက်တုရင်
ကိုယ်ပါ မကောင်းဖြစ်ရတတ်လို့

သူများစိတ်နဲ့ကိုယ့်ဘ၀ကိုမနှိုင်းပါနဲ့
ကိုယ့်ဘ၀တွေ ရိုင်းသွားနိုင်ပါတယ် ။

သူ့စိတ်ဟာ သူပဲပြင်မှလှနိုင်သလို
ကိုယ့်စိတ်ဟာလည်း ကိုယ်ပဲပြင်မှ
ဘ၀က လှပလာနိုင်ပါတယ် ။

အများကပြင်လို့ကောင်းတယ်ဆိုတာ
ပင်ကိုယ်ကလည်း
ဆုံးမလွယ်တဲ့ဓါတ်ခံရှိမှဖြစ်တာပါ ။

ဆုံးမခက်ပြီး အကြောမာရင်
ဘယ်သူမှလည်း ပြုပြင်လိုမရပါဘူး ။

ဒါကြောင့် ဘ၀မှာ
ရှေ့တန်းရောက်ချင်ရင်ပဲဖြစ်စေ
အထက်တန်းကျချင်ရင်ပဲဖြစ်စေ

ကိုယ့်စိတ်ကိုပဲ မညစ်ပေအောင်
သတိထားပြီးတော့ ဆေးကြောပေးပါ ။

မိမိစိတ်ကောင်းလေးဟာ
အရာအားလုံးထက်အဖိုးတန်ပါတယ် ။

🙏🙏🙏သာရ ဂ ဝေ သီ🙏🙏🙏