မင်္ဂလာရှိသော မနက်ခင်းလေးပါရှင်

ကိုယ်ရောက်နေတဲ့ဘ၀အနေထား
ရောက်နေတဲ့နေရာလေးမှာ
ကိုယ့်စိတ်ကို ကျေနပ်အောင်နေပါ ။

များများရှိဖို့ မလိုပါဘူး
များများသိပြီး ကျင့်ဖို့သာ အဓိကပါ ။

များများ ခင်တွယ်ဖို့ မလိုပါဘူး
များများ မေတ္တာထားဖို့က အဓိကပါ ။

လိုချင်မှု လောဘတွေနဲ့
နေတာဟာ ဘ၀ချမ်းသာတယ်လို့
ဘယ်မှာမှ ဘုရားမဟောတဲ့အတွက်

ရှိသင့်သလောက်လေးနဲ့သာ
ရောင့်ရဲစွာ နေတတ်ဖို့ လိုပါတယ် ။

မကျေနပ်ချက် ဒေါသတွေနဲ့
နေတာဟာ အေးချမ်းတယ်လို့
ဘယ်ဒေသနာမှာမှ မရှိတဲ့အတွက်

မေတ္တာစိတ်နဲ့သာ လောကကြီးမှာ
ရှင်သန် ဖြတ်သန်းကြဖို့ လိုပါတယ် ။

ပေးတာဟာ ကိုယ့်ဥစ္စာဖြစ်လာသလို
စွန့်လိုက်တာဟာလည်း
ကိုယ်ချမ်းသာဖို့သာ ဖြစ်ပါတယ် ။

လောဘအစွဲကင်းတဲ့လမ်းကို
ကိုယ်ဘယ်လောက်လျှောက်ပြီးပြီလဲ

ဘယ်လောက်စွန့်လွတ်ပြီးပြီလဲလို့
ကိုယ့်ကိုယ်ကို မေးစဉ်းစားပြီးတော့

အပြန်သံသရာခရီးလှဖို့နဲ့
ဘ၀အဆင်မြင့်ဖို့ကိုပဲ ကြိုးစားပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏