သံတောင်မြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အရပ်သား ၂ ဦးအား ပစ်သတ်တယ်လို့ Mizzima မှ သတင်းအမှားရေး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်မြို့သစ် ၁၃ မိုင်မှ လူငယ်တစ်ဦး၊ ပျားစခန်းကျေးရွာမှ လူငယ်တစ်ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် သေဆုံးခဲ့ရကြောင်း Mizzima မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင်လ ၉ ရက်နေ့၌ သံတောင်ကြီးမြို့နယ်၊ သံတောင်မြို့သစ် ၁၃ မိုင်ရှိ လုံခြုံရေးတပ်စခန်းရဲ့ အနောက်မြောက်ဘက် မီတာ ၂၀၀၀ ခန့်တွင် KNLA/PDF များ စုဖွဲ့နေကြောင်း သတင်းရရှိ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်ရှင်းလင်းရာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး KNLA ၂ လောင်း၊ ပစ္စတို ၁ လက်၊ မိုင်း ၂ လုံးတို့ သိမ်းဆည်းရရှိကာ စစ်သည်များ ထိခိုက်မှုမရှိခဲ့ကြောင်း ဒေသတွင်းသတင်းပေးချက်များအရ သိရှိရပါတယ်။ KNLA သေတာကို Mizzima မှ အမှန်မရေးဘဲ အရပ်သားတွေ အသတ်ခံရတယ်ဆိုပြီး တပ်မတော်အား အထင်မှားအောင် အရှက်မရှိ လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။

Misinformation

FactCheck