မြဝတီ-ကော့ကရိတ်သွားလမ်း၏ ဘေးရှောင်လမ်းမှ ကားလေးများ ဖြတ်သန်းခွင့်ပြု

မြေပြိုကျခဲ့သည့် မြဝတီ-ကော့ကရိတ်သွားအာရှလမ်းမကြီး၏ နေရာတွင်ဖောက်လုပ် ထားသည့် ဘေးရှောင်လမ်းမှ ကားလေးများအား အချိန်ပိုင်းစတင်ဖြတ်သန်းခွင့်ပြုနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

ကရင်ပြည်နယ်ရှိ မြဝတီ-ကော့ကရိတ်သွားအာရှလမ်းမှာ မြေပြိုကျသည့်နေရာတွင် ဘေလီတံတားထိုးခြင်း လုပ်ငန်းဆောင်ရွက်ဆဲဖြစ်ပြီး ယာဥ်ငယ်များ သွားလာနိုင်ရန်အတွက် ဘေးရှောင်လမ်း ဖောက်လုပ်ပေးနေတာလည်းဖြစ်ပါတယ်။

အခုလက်ရှိမှာတော့ အဆိုပါ ဘေးရှောင်လမ်းကနေ ကားလေးတွေကို ယန္တရားများဖြင့်လုပ်ငန်းများစတင်မီ နံနက်တစ်ကြိမ်၊ နေ့လယ်ပိုင်း တစ်ကြိမ်နဲ့ ညနေပိုင်းတို့မှာ ဖြတ်သန်းခွင့်ပြုထားတယ်လို့ ဆိုပါတယ်။