လာမည့်လများမှစပြီး ပြည်ပသို့ ဆန်တန်ချိန် ၂ သိန်းကျော်တင်ပို့နိုင်ရန် ဆောင်ရွက်

လာမည့် လများမှစပြီး ပြည်ပသို့ ဆန်တန်ချိန် ၂ သိန်းကျော်တင်ပို့နိုင်ရန် ဆောင်ရွက်နေသည်ဟုမြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင် က ပြောပါသည်။ ပြီးခဲ့တဲ့လများတွင် ပြည်ပကို ဆန်တင်ပို့မှုလျော့ကျခဲ့ပြီး လာမည့် နိုဝင်ဘာလ၊ ဒီဇင်ဘာလ၊ ဇန်နဝါရီလ၊ ဖေဖော် ဝါရီလနှင့် မတ်လများတွင် ဆန်တင်ပို့မှုမှာ တစ်လလျှင် တန်ချိန် ၂ သိန်းမှ ၂ သိန်းခွဲအထိ တင်ပို့နိုင်ရန် ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု ဆိုပါသည်။

       ယခုဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တင်ပို့မှုမှာ နှစ် စဉ်တင်ပို့နေကျ ဆန်တန်ချိန် နှစ်သန်းမှ နှစ်သန်းခွဲ အထိတင်ပို့နိုင်ရန် လျာထားဆောင်ရွက်နေကြောင်းလည်း ဦးရဲမင်းအောင် က ပြောပါသည်။

       ပြီးခဲ့သည့် ဧပြီလ ၁ ရက်မှ အောက်တိုဘာလကုန်ထိ ခုနစ်လတာအတွင်း ပြည်ပကို ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၇၁ သန်း ရရှိခဲ့သည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကနေ သိရပါသည်။

        ထို့အပြင် ပြည်ပကို ဆန်တင်ပို့ရာ၌ လက်ရှိ နိုဝင် ဘာလမှစပြီး ပြည်ပကို ဆန်သုံးတန်တင်ပို့လျှင် အရန် ဆန်တစ်အိတ် ပေးသွင်းရမှာဖြစ်ပြီး နိုဝင်ဘာလအတွက် အရန်ဆန်တစ်အိတ်ကို ကျပ် ၆၂,၀၀၀ သတ် မှတ် ထားသည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားပါသည်။

#PAN