မျှစ်ခြောက်များ တရုတ်နှင့် ကိုရီးယားသို့ တင်ပို့

  မျှစ်ခြောက်ကုန်ထုတ်စက်ရုံအနေနှင့် ဂျပန်နိုင်ငံကို မျှစ်ခြောက်များ နှစ်စဉ်တင်ပို့နိုင်ခဲ့ပြီး တရုတ်နိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့ကိုပါ တင်ပို့ရောင်းချနိုင်ရန် စီစဉ်ဆောင်ရွက်နေသည်ဟု သမဝါသမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ သိရပါသည်။

      အဆိုပါ မျှစ်ခြောက်စက်ရုံကို နေပြည်တော် ဇေယျာသီရိမြို့နယ်၊ စက်ကုန်းကျေးရွာတွင် စိမ်းလဲ့မြေသမဝါယမ အသင်းနှင့် နရိန္ဒြာကုမ္ပဏီလီမိတက်တို့က အကျိုးတူပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်ဟု ဆိုပါသည်။ စက်ရုံ လုပ်ငန်းစဉ်ဆက်မပြတ်လည်ပတ်နိုင်ရန်အတွက် ကုန်ကြမ်းရရှိမှုမှာ အရေးကြီးခြင်းကြောင့် လိုအပ်သောကုန်ကြမ်းများ ရရှိရန် သမဝါသမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရပါ သည်။

       ထို့အပြင် ဝန်ကြီးဌာနအနေနှင့် ကုန်ကြမ်းများထုတ်လုပ်ရာတွင် သဘာဝအရင်းမြစ်များ ပြုန်း တီးမှုမရှိစေရန် အတွက် ဝါးစိုက်တောင်သူများကို တောင်သူအသိပညာပေးသင်တန်းများ ဖွင့်လှစ်ပို့ချရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရပါသည်။

#PAN