AA နှင့်ပတ်သက်သည့် မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှုဖြစ်စဉ်

ရခိုင့်တပ်တော် AA အဖွဲ့ဟာလက်နက်ခဲယမ်း အပါအဝင် ဘဏ္ဍာငွေကြေးလိုအပ်ချက်အတွက် ရှမ်းမြောက်မှာရှိတဲ့ မူးယစ်ရာဇာတွေနဲ့ချိတ်ဆက်ပြီး စိတ်ကြွမူးယစ်ဆေးဝါး တွေ ကုန်သွယ်မှုပြုလုပ်နေလို့ နိုင်ငံတကာမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့တွေ က စောင့်ကြည့်ခံနေရတဲ့အဖွဲ့ဖြစ်ပါတယ်။

AA အဖွဲရဲ့ မူးယစ်ကုန်သွယ်မှုလုပ်ငန်းတွေကို တပ်မတော်ထောက်လှမ်းရေးအဖွဲ့တွေကလည်း သူတိုရဲ့အမာခံသတင်းပေးတွေကနေတဆင့် ဖော်ထုတ်ခဲ့လို့ AA တပ်ဖွဲ့ဝင်တွေကိုယ်တိုင် ပင်လယ်ရေကြောင်းကသယ်ဆောင်နေတဲ့ စိတ်ကြွဆေးပြား သန်းပေါင်းများစွာကို မကြာခဏ ဖမ်းဆီးခံနေရပါတယ်။

ဒါ့ကြောင့် AA အဖွဲ့ဟာ မူးယစ်ဆေးဝါးသယ်ဆောင်မှုအတွက် အရပ်သားများကို အသုံးပြုပြီး သူတိုရဲ့လက်နက်ခဲယမ်းသယ်ဆောင်တဲ့လမ်းကြောင်းဖြစ်တဲ့ ရှမ်းမြောက်မှ  မန္တလေး- ပြည်-အမ်း လမ်းကြောင်းအတိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်မှတစ်ဆင့် ပြည်ပနိုင်ငံများကို မူးယစ်ဆေးဝါးများ ပို့ဆောင်လျက်ရှိပါတယ်။

AA အဖွဲအစီအစဉ်နဲ့ အဲ့လိုပိုဆောင်နေတဲ့ အဖွဲ့ထဲက တစ်ဖွဲ့ကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့က မနက် ၉ နာရီလောက်က ပြည်မြို့ နဝဒေးတံတားထိပ်မှာ ISUZU Light Truck ယာဉ်တစ်စီးပေါ်က အိမ်သုတ်ဆေးပုံးများအတွင်းမှာ သိုဝှက်သယ်ဆောင်လာတဲ့ စိတ်ကြွဆေးပြား ၁၄.၁ သိန်းကို ယာဉ်မောင်း ဟိန်းပိုင်ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းဆီးရမိသူကို မေးမြန်းချက်အရ မူးယစ်ဆေးဝါးသယ်ဆောင်ရေးတာဝန်ခံ ရခိုင်လူမျိုး ကျော်လှကို မင်းတုန်းမြို့ တည်းခို ခန်းမှာ ဖမ်းဆီးရမိခဲ့ပြီး အောင်ကိုလတ်၊ ဇော်မြင့်၊ လင်းလင်းထိုက်တို့ပါဝင်တဲ့ နောက်ထပ်အဖွဲ့တစ်ဖွဲ့ကို စိတ်ကြွဆေးပြား ၂.၄ သိန်း၊ မော်တော်ယာဉ်တစ်စီးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။

ဒါကြောင့်မို့ စုစုပေါင်း စိတ်ကြွဆေးပြား ၁၆.၅ သိန်း (ကာလတန်ဖိုး ကျပ် ၃.၃ ဘီလီယံ) ကို တရားခံ ၅ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး AA အဖွဲ့ရဲ့ အရပ်သားအယောင်ဆောင် မူးယစ်ဆေး သယ်ဆောင်သူများကို လက်ပူးလက်ကြပ် ဖမ်းဆီးရမိခဲ့ပါတယ်။

AA အဖွဲ့ပိုင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုများနှင့်ပတ်သက်၍ AA အဖွဲရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ငြင်းဆိုခဲ့ပေမယ့် စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်များအရ ဖမ်းဆီးရမိခဲ့သူများဟာ ကိုယ်ပိုင်နံပါတ်အတိအကျနဲ့ AA တပ်ဖွဲ့ဝင်များ ဖြစ်နေလို့ AA အဖွဲ့ဟာ မူးယစ်ဆေးဝါး ကုန်သွယ်မှုလုပ်ငန်းတွေကို လုပ်ဆောင်နေကြောင်း သက်သေအခိုင်အမာနဲ့ နိုင်ငံတကာမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့တွေကို အကြောင်းကြားလျက်ရှိကြောင်း သိရှိရပါတယ်။ #ခင်ညိုချော