KIA နားရွက် တံတွေးစွတ်လိုက်တဲ့ TNLA

မတ်လ ၁၇ ရက်နေ့က KIA တပ်ရင်း (၃၄) ၏ စစ်ဆေးရေးဂိတ်ကို TNLA ကလာရောက်ဖျက်ဆီးခဲ့တယ်လို့ သတင်းမီဒီယာတွေမှာဖော်ပြထားပါတယ်။ KIA ကလည်း ကိုယ့်မွေးတဲ့မြောက်ကိုယ့်ပြန်ခြောက်နေတဲ့ အဖြစ်မျိုးနဲ့ကြုံနေရပြီမို့ မျောက်မီးခဲ ကိုင်ထားသလိုဖြစ်နေမှာပါ။ အဲတော့ KIA အနေနဲ့ ခေါင်းပေါ်တက်လာတဲ့ TNLA ကို ဒီအတိုင်းကြည့်နေမှာလား လက်တုံ့ပြန်မလားဆိုတာတော့ စောင့်ကြည့်ရမှာပါ။