လောင်းကစားဝိုင်းအတွင်း ရန်ဖြစ်ပြီး တစ်ဦး ဒဏ်ရာရ၊ ၅ ဦးကိုဖမ်းဆီးထား

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်၊ ပုဇွန်တောင်ရပ်ကွက်၌ ယမန်နေ့ (သြဂုတ် ၅ ရက်) ညနေ ၆ နာရီခွဲအချိန်ခန့်တွင် ဂျင်လောင်းကစားဝိုင်းတစ်ခုအတွင်း အကြွေးတောင်းရာမှ ခိုက်ရန်ဖြစ်ကာ အမျိုးသားတစ်ဦး ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် ပြည်သူ့စစ်တပ့်ဝင်များက ကနဦး စုံစမ်းစစ်ဆေးကာ ရန်ဖြစ်ရာတွင် ပါဝင်ခဲ့သည့် ဒဏ်ရာရရှိသူ အမျိုးသားအပါအဝင် ၅ ဦးကိုဖမ်းဆီးထိမ်းသိမ်းထားသည်ဟုဆိုသည်။