တရုတ်ကာကွယ်ရေးဝန်ကြီးအသစ်ခန့်ပြီးပါက ကန်ကာကွယ်ရေးဝန်ကြီးနှင့်တွေ့ဆုံမည်

ပေကျင်းက ကာကွယ်ရေးဝန်ကြီးအသစ်ကို ခန့်အပ်ပြီးပါက အမေရိကန်ကာကွယ်ရေးဝန်ကြီးလွိက်အော်စတင်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ပြောကြားခဲ့သည်။
သမ္မတရှီနှင့်သမ္မတဘိုင်ဒင်တို့ သည် ဆန်ဖရန်စစ္စကို၌တွေ့ဆုံမှုအတွင်း နှစ်နိုင်ငံအကြားစစ်ရေးဆက်ဆံမှုကို မြှင့်တင်ရန်လည်းသဘောတူညီခဲ့ကြသည်။

ပေကျင်းသည် ယခင်ကာကွယ်ရေးဝန်ကြီးဟောင်း မစ္စတာလီရှန်ဖူအား အောက်တိုဘာလ၌ ရာထူးမှဖယ် ရှားခဲ့ပြီးနောက် ယခုအထိ ကာကွယ်ရေးဝန်ကြီးအသစ်မခန့်အပ်ရသေးပေ။