ဇန်နဝါရီလ ၁၆ ရက်နေ့တိုက်ပွဲသတင်းများ

-တနင်္သာရီမြို့နယ် ရေဖြူကျေးရွာအနီး PDF များ ခိုအောင်းနေကြောင်း သတင်းအရ နယ်မြေရှင်းလင်းရန် ထွက်ခွာလာစဉ် ၎င်းကျေးရွာအနီးသို့အရောက် PDF ၅၀ ဦးခန့်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်အတွင်း ကာဘိုင် ၁ လက်၊ ကျည်အိမ် ၇ ခု၊ ကျည်မျိုးစုံ ၈၂၀ တောင့်၊ KTLA လက်မောင်း တံဆိပ် ၂ စုံ၊ လည်စည်း ၁ ခု၊ ကျောပိုး ၁ လုံး သိမ်းဆည်းရမိခဲ့။

-ရှမ်းပြည်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာရှိ ခလရ(၁၂၃) သို့ နေရာ ၅ နေရာမှ KIA သောင်းကျန်းသူ ၂၅၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့။

-ရှမ်းပြည်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ် နယ်ခြားတံတားအနီး လုံခြုံရေးဆောင်ရွက်နေစဉ် MNDAA နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၂၀ ဦးခန့် ၂ ကြိမ်လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။
-MNDAA အဖွဲ့အနေဖြင့် အပစ်အခတ်ရပ်စဲရေး စာချုပ်အားချိုးဖောက်ပြီး လားရှိုးမြို့အနီး တပ်များ စုဖွဲ့လှုပ်ရှားကာ လားရှိုးမြို့ လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းများအား သွေးတိုးစမ်း ပစ်ခတ်တိုက်ခိုက်လျက်ရှိ။

-ကယားပြည်နယ် လွိုင်ကော်ခရိုင် ရှားတောစခန်းသို့ KNPP နှင့် PDF ပူးပေါင်းအဖွဲ့အင်အား (စိစစ်ဆဲ) အဖွဲ့က Drone ၃ စီးဖြင့် Bomb ၂၁ လုံး ဖြင့် ၁ ကြိမ်၊ နေရာ ၄ နေရာမှ အင်အား ၂၀၀ ဦးခန့်က လက်နက်ကြီး လက်နက်ငယ်များဖြင့် လာရောက်ပစ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။

-ရခိုင်ပြည်နယ် ကျောက်တော်မြို့ မဟာမုနိဘုရားကြီးအနီး လုံခြုံရေးဆောင်ရွက်နေသော နေရာသို့ AA သောင်းကျန်းသူ ၄၀ ဦးခန့်က လာရောက်ပစ်ခတ်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။

-ရခိုင်ပြည်နယ် မင်းပြားမြို့ ခမရ(၃၇၉) သို့ နေရာ ၂ နေရာမှ AA သောင်းကျန်းသူ ၁၀၀ ဦးခန့်က Drone၊ Bomb ၊ လက်နက်ကြီး၊ လက်နက်ငယ်များနှင့် လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ လေကြောင်းပစ်ကူရယူ၍ ပြန်လည်ပစ်ခတ်ခဲ့။

-စစ်ကိုင်းတိုင်း အရာတော်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်စဉ် ကြွေပုကန်ကျေးရွာ အနီးသို့အရောက် PDF ၃၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည် ပစ်ခတ်ခဲ့ ဖြစ်စဉ်အတွင်း လက်လုပ်သေနတ် ၁၁ လက်၊ ဒုံးသီးမျိုးစုံ ၄ လုံး၊ မိုင်းမျိုးစုံ ၆ လုံး၊ ဝါယာကြိုး ၁ ခွေ၊ တဲ ၅ လုံး သိမ်းဆည်းရမိခဲ့။

-မကွေးတိုင်း မြိုင်မြို့နယ် ကန်နီရွာဝန်းကျင်တစ်ဝိုက် နယ်မြေရှင်းလင်းစဉ် ရွာအနီးသို့အ ရောက် PDF ၂၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ပြီး ဖြစ်စဉ်အတွင်း လက်လုပ်စိန်ပြောင်း ၁ လက်၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၃ လုံး သိမ်းဆည်းရမိခဲ့။

-စစ်ကိုင်းမြို့နယ်အတွင်းရှိ ပဒူရဲကင်းစခန်းမှ နယ်မြေရှင်းလင်းရန် ထွက်ခွာလာစဉ် စခန်းတောင်ဘက် မီတာ ၁၀၀၀ ခန့်အကွာသို့အရောက် PDF ၂၀ ဦးခန့် က ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ပြီး PDF ၁ လောင်း၊ မှန်ပြောင်း ၁ လက်၊ လက်လုပ်ရှေ့ထွက်မိုင်း ၂ လုံး သိမ်းဆည်းရမိခဲ့။

-ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့အတွင်း နယ်မြေရှင်းလင်းစဉ် ကိုင်းကွင်းရွာမြောက်ဘက်သို့အရောက် PDF ၅ ဦးခန့်က လက်လုပ်ရီမုမိုင်း ၂ လုံး ဖောက်ခွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ပြီး ဖြစ်စဉ်အတွင်း PDF ၁ လောင်း၊ လက်လုပ်သေနတ် ၁ လက်၊ ကျည် ၁၀ တောင့် သိမ်းဆည်းရမိခဲ့။