မတ်လ ၈ ရက်နေ့ တိုက်ပွဲသတင်းများ

ကချင်ပြည်နယ်

နန်ဆန်ယန်၊ ဒေါ့ဖုန်းယန်၊ ခယာ၊ နွယ်လန်း၊ ကုန်းနှော၊ တာဆိုင်း(တာပိန်တံတား)၊ ရွှေညောင်ပင်၊ နားဖော့စခန်း(ပါဂျို)၊ မလိယန်စခန်း ၊ ဆဒုံး တို့ရှိ တပ်မတော်စခန်းများ ၊ ပြည်သူ့စစ်စခန်းများသို့ KIA ကအင်အား အလုံးအရင်းဖြင့် လက်နက်ကြီး/ငယ်များ ၊ ရှော့တိုက်ဒုံးများ၊ Drop Bomb များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်လျက်ရှိပြီး တပ်မတော်မှ လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူများဖြင့် ပြန်လည်တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲများပြင်းထန်လျက်ရှိ။

ဖေဖော်ဝါရီလ ၇ ရက်နေ့ နေ့လည်ပိုင်းမှ စတင်ပြီး KIA ဌာနချုပ်ဖြစ်သည့် လိုင်ဇာနှင့် လိုင်စင်ပို့စ် နေရာများရှိ KIA တပ်စခန်းများနှင့် စစ်ရေးပစ်မှတ်များအား တပ်မတော်မှ လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်လျက်ရှိ။

ကယားပြည်နယ်

ဖားဆောင်းနယ်မြေခံတပ်ဌာနချုပ်နှင့် ထူးချောင်းစခန်းသို့ KNPP/KNDF/PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့အင်အား(စိစစ်ဆဲ) က Drone များဖြင့် Drop Bomb ဖြုတ်ချတိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။

ကရင်ပြည်နယ်

ကော့ကရိတ်မြို ဂိတ်(၁)နှင့် ချောင်းဦးစေတီအနီး လုံခြုံရေးနေရာများ၊ သင်္ကန်းညီနောင် နယ်မြေခံတပ်ရင်းဌာနချုပ်များသို့ KKO (ခွဲထွက်)နှင့် PDF ပူးပေါင်း အဖွဲ့များက အင်အား ၇၀ ဦးခန့်ဖြင့်လည်းကောင်း၊ KNLA တပ်မဟာ(၆) ရင်း ၂၈ မှအင်အား ၁၁၀ ဦးခန့်ဖြင့်လည်းကောင်း ချောင်းမြောင်းပစ်ခတ်ခြင်း၊ လက်နက်ကြီး/ငယ်များ ဖြင့် တိုက်ခိုက်လာသဖြင့် မိမိဘက်မှ စစ်ကူများ အင်အားဖြည့်တင်းခဲ့ပြီး လေကြောင်းပစ်ကူယူ၍ ပြန်လည်တိုက်ခိုက်ခဲ့။

တနင်္သာရီတိုင်း

တနင်္သာရီတိုင်း ပုလောမြို့နယ် သစ်လှတောကျေးရွာဝန်းကျင် အကြမ်းဖက်အဖွဲ့များ ခိုအောင်းလှုပ်ရှားနေကြောင်း သတင်းအရ နယ်မြေရှင်းလင်းစဉ် အကြမ်းဖက်အင်အား ၃၀ ဦးခန့်နှင့်တိုက်ပွဲဖြစ်ပွားခဲ့။

ရခိုင်ပြည်နယ်

ဘူးသီးတောင်မြို့နယ် တောင်ဘဇာ နယ်မြေခံရင်းဌာနချုပ်၊ စစ်တွေမြို့နယ် အမြင့်ကျွန်းတံတားနှင့် ရသေ့တောင်မြို့နယ် စည်ကားတောင်သို့ AA သောင်းကျန်းသူအင်အား(စိစစ်ဆဲ) အဖွဲ့က Drone ဖြင့် Drop Bomb ချတိုက်ခိုက်ခြင်း၊ စနိုက်ပါဖြင့် ချောင်းမြောင်းပစ်ခတ်ခြင်းများ ဆောင်ရွက်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။

စစ်ကိုင်းတိုင်း

ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအဝင်၌ အကြမ်းဖက်အဖွဲ့များ ဆက်ကြေးကောက်ခံနေကြောင်း သတင်းအရ နယ်မြေရှင်းလင်းစဉ် PDF ၁၅ ဦးခန့်နှင့် တိုက်ပွဲဖြစ်ပွားခဲ့။

PDF ၄ လောင်း၊ အမ်(၂၂) ၂ လက်၊ ကျည်အိမ် ၂ ခု၊ ကျည် ၈ တောင့် သိမ်းဆည်းရမိခဲ့။

ကနီမြို့ ရွှေစည်းခုံဘုရားအနီး လုံခြုံရေးနေရာများ၊ မြို့နယ်ရဲစခန်းသို့ PDF ၁၀၀ ဦးခန့်က Drone ၂ စီး ဖြင့် Drop Bomb ချတိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။

ချင်းပြည်နယ်

ကျင်ဒွေးမြို့အတွင်း နယ်မြေရှင်းလင်းနေစဉ် အကြမ်းဖက် ၄၀ ဦးခန့်နှင့် တိုက်ပွဲဖြစ်ပွားခဲ့။

ဖြစ်စဉ်တွင် အကြမ်းဖက် ၂ လောင်း၊ အမ်(၂၂) ၂ လက်၊ အမ်အေ(၃) ၁ လက်၊ အမ်အေ(၄) ၁ လက်၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ ကျည်အိမ် ၅ ခု၊ ကျည် ၁၀၃ တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ ရှော့တိုက်ဒုံးသီး(လက်လုပ်) ၁၇ လုံး၊ Drop Bomb ၁၂၇ လုံး၊ လက်လုပ်မိုင်းမျိုးစုံ ၆၈ လုံး သိမ်းဆည်းရမိခဲ့။ #Crd