တရုတ်နိုင်ငံက စတုတ္ထမြောက်လေယာဉ်တင်သင်္ဘောတည်ဆောက်

အနောက်ပစိဖိတ်ဒေသမှာ အမေရိကန်ရေတပ်ကို ယှဉ်ပြိုင်ဖို့အတွက် စတုတ္ထမြောက်လေယာဉ်တင်သင်္ဘောကို တည်ဆောက်နေပြီဖြစ်ကြောင်း ဘေဂျင်းမြို့မှာကျင်းပတဲ့နှစ်ပတ်လည် လွှတ်တော်အစည်းအဝေးမှာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရေတပ်ရဲ့ ရေတပ်ဗိုလ်ချုပ် ကြီးတစ်ဦးက ပြောကြားလိုက်ပါတယ်။

အခုအသစ်တည်ဆောက်နေတဲ့ လေယာဉ်တင်သင်္ဘောဟာ ခေတ်အမီဆုံး အမေရိကန်သင်္ဘောတချို့လို နျူကလီးယားစွမ်းအင်သုံးသင်္ဘောဖြစ်တာကို တရုတ်ပြည်သူတွေအနေနဲ့ မကြာခင် မျက်ဝါးထင်ထင်တွေ့မြင်ရတော့ မှာဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုခဲ့ကြောင်းသိရပါတယ်။ #Crd