ဇန်နဝါရီလ ၁၉ ရက်နေ့တိုက်ပွဲသတင်းများ

(၁) မနက် ၆နာရီကျော်နှင့် ၉ နာရီချိန်ခန့်တွင် ဖားကန့်မြို့နယ်ရှိ ဝှေခါရဲကင်းစခန်းအား KIA/ PDF အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များက Drone၊ လက်နက်ကြီး/လက်နက်ငယ်များနှင့် ၂ ကြိမ်လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်တိုက်ခိုက်ခဲ့။ ည ၇ နာရီခန့်တွင်လည်း အင်အား ၁၀၀ ခန့်ဖြင့် ထပ်မံလာရောက်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရ။

(၂) မနက် ၇ နာရီကျော်ခန့်နှင့် ညနေ ၃ နာရီခန့်တွင် မိုးမိတ်မြို့ရဲစခန်းအား KIA/ PDF အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်း အင်အား ၂၇၀ ဦးခန့်က လာရောက်ပစ်ခတ်ခဲ့သဖြင့် လေကြောင်းပစ်ကူရယူ၍ ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း သိရှိရ။

(၃) မနက် ၁၀ နာရီခန့်တွင် နမ့်ဖတ်ကာမြို့နယ် တပ်ရင်းဌာနချုပ်တစ်ခုအား KIA သကသ ၁၂၀ ဦးခန့်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်တိုက်ခိုက်ခဲ့သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း သိရှိရ။

(၄) နေ့လည် ၂ နာရီကျော်ခန့်တွင် လွိုင်ကော်မြို့နယ်အတွင်းရှိ ရှားတောရဲစခန်းကို KNPP/ အကြမ်းဖက် PDF ပူးပေါင်းအဖွဲ့များက လာရောက်ပစ်ခတ်ခဲ့သဖြင့် မိမိဘက်မှပြန်လည် ပစ်ခတ်ခဲ့ကြောင်း သိရှိရ။

(၅) မနက် ၁၁ နာရီခန့်တွင် ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ရှိ တပ်ရင်းဌာနချုပ်တစ်ခုကို AA သကသ ၂၀၀ ဦးခန့်တို့က Drone၊ လက်နက်ကြီး၊ လက်နက်ငယ်များနှင့် လာရောက်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း သိရှိရ။

(၆) နေ့လည် ၁ နာရီခန့်တွင် မင်းပြားမြို့နယ်ရှိ တပ်ရင်းဌာနချုပ်တစ်ခုကို AA သကသ ၁၀၀ ဦးခန့်တို့က Drone၊ လက်နက်ကြီး၊လက်နက်ငယ်များနှင့် လာရောက်တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း သိရှိရ။