ဇန်နဝါရီလ ၂၀ ရက်နေ့မှုခင်းသတင်းများ

-ဇန်နဝါရီလ ၁၉ ရက် ၁၅၂၀ နာရီတွင် ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ မုပ္ပလင်ကျေးရွာ အထက(မုပ္ပလင်)အနီး၌ ဦးတင်အေး (၇၅)နှစ်၊ မုပ္ပလင်ကျေးရွာ၊ သိမ်ဇရပ်မြို့နေသူသည် မြေးဖြစ်သူများအား ကျောင်းကြိုရန် လာရောက်စဉ် PDF အကြမ်းဖက်အဖွဲ့မှ အမျိုးသား ၂ ဦးသည် ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာခဲ့ပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဦးတင်အေး တွင် နောက်ကျော ကျည်ဖောက်ဝင်ဒဏ်ရာ ၅ ချက်ရရှိခဲ့သဖြင့် ဖြစ်စဉ်နေရာ၌ သေဆုံးသွားခဲ့။

-၁၈၁၀ နာရီတွင် လှိုင်မြို့နယ်၊ (၁၃)ရပ်ကွက်တွင်နေထိုင်သော ဦးကျင်ဖြောင့်(၇၁)နှစ်နှင့် ဦးသန်းမြင့်(၇၃)နှစ်၊ အမှတ်(၃၀)၊ အုတ်ကျင်းဘူတာရုံ လမ်း၊ (၁၃)ရပ်ကွက်၊ လှိုင်မြို့နယ်နေသူတို့သည် ပန်းခြံကျောင်းလမ်းမှ စက်ဘီး ၁ စီးဖြင့် အတူပြန် လာစဉ် ပန်းခြံကျောင်းလမ်းရှိ အလက(၇)ကျောင်းရှေ့အရောက်၌ အကြမ်းဖက်သမားများမှ လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ရာ ဦးကျင်ဖြောင့် တွင် ဝမ်းဗိုက်ထိမှန်ဒဏ်ရာ၊ ဝဲရင်အုံထိမှန်ဒဏ်ရာ၊ ဝဲပေါင်ထိမှန်ဒဏ်ရာ(စိုးရိမ်ရ) ရရှိခဲ့ပြီး ဦးသန်းမြင့်တွင် ဦးခေါင်း(ဝဲ)ကျည်ဖောက်ဝင်ဒဏ်ရာ၊ ဝမ်းဗိုက်(ယာ)ထိမှန်ဒဏ်ရာ၊ ရင်အုံ(ဝဲ/ယာ)ထိမှန်ဒဏ်ရာများဖြင့် သေဆုံး သွားခဲ့။

-ဇန်နဝါရီလ ၁၉ ရက် ၀၉၃၀ နာရီတွင် ပုသိမ်ကြီးမြို့နယ်၊ နန္ဒာမြောက်ကျေးရွာအရှေ့တောင်ဘက်၊ မတ္တရာမြို့နယ်အစပ် မီးရထားသံလမ်းအရှေ့ဘက် ၁၀ ပေခန့်အကွာ၌ (စိစစ်ဆဲ)အမျိုးသား ၁ ဦး သေဆုံးနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ အသက် ၃၅ နှစ်ခန့် (စိစစ်ဆဲ) အမျိုးသား ၁ ဦးတွင် ဦးခေါင်းပွင့်ထွက်ဒဏ်ရာ ၁ ချက်ဖြင့် အသတ်ခံထားရကြောင်း တွေ့ရှိရ။

-ဇန်နဝါရီလ ၁၉ ရက် ၁၀၀၀ နာရီတွင် အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်၊ ၈၁×၄၁ လမ်းကြားတွင် နေထိုင်သော ဆန်းမျိုးမြင့် (၃၈)နှစ်နေထိုင်သူသည် ခရီးသည် ၄ ဦးအား ၎င်းပိုင်ယာဉ်အမှတ်၊ MDY/9P-4562 SUZUKI ERTIGA (အဖြူရောင်)ယာဉ်ဖြင့် ပြင်ဦးလွင်မြို့နယ်၊ ၇ မိုင်၊ အပန်းဖြေစခန်းသို့ သွားရောက်ပို့ဆောင်ပေးခဲ့ရာ ပြန်လည် ရောက်ရှိခြင်းမရှိသဖြင့် ဆန်းမျိုးမြင့်၏အစ်ကိုဖြစ်သူ အောင်ခိုင်မြင့်မှ  လိုက်လံစုံစမ်းရှာဖွေခဲ့ရာ ၁၆၃၀ နာရီ တွင် ပြင်ဦးလွင်မြို့နယ်၊ မန်ကျီးအင်းကျေးရွာအနီး၊ ကျောက်ချော-ရဲရွာကားလမ်း၊ မိုင်တိုင်အမှတ်၊ ၁၁ နှင့် ၁၂ ကြား၊ ဒုဌဝတီမြစ်ကမ်းဘေး ခြုံတောအတွင်းမှ ဆန်းမျိုးမြင့်အား လည်ပင်းလှီးဖြတ်ဒဏ်ရာ၊ ရင်ဘတ်နှင့် နောက်ကျော ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိ။

-ဇန်နဝါရီလ ၁၉ ရက် ၁၂၃၀ နာရီတွင် မြင်းခြံမြို့နယ်၊ ကျောက်ကန်ကျေးရွာအနီး၌ အမျိုးသား ၁ ဦး သေဆုံးနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ ဦးမင်းလှိုင်(၄၆)နှစ်၊ တောင်သူ၊ ကျောက်ကန် ကျေးရွာ၊ မြင်းခြံမြို့နယ်နေသူတွင် အကြမ်းဖက်သမားများ PDF များမှ သတ်ဖြတ်ခဲ့သည့် ရင်ဘက်ဓားထိုးသွင်းဒဏ်ရာ ၁၃ ချက်၊ ဦးခေါင်းပြတ်လျက်သေဆုံးနေကြောင်း သိရှိရ။

-ဇန်နဝါရီလ ၁၉ ရက် ၁၂၃၀ နာရီတွင် အရာတော်မြို့ပြည်သူ့ဆေးရုံသို့ ဇီးပင်ရပ်ကွက်နေထိုင်သူ ဒေါ်မြင့်မြင့်ခိုင်(၅၂)နှစ်သည် ဗုံးစထိမှန်ဒဏ်ရာဖြင့် ရောက်ရှိနေ ကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ PDF အကြမ်းဖက်အဖွဲ့ မှ ထိန်းချုပ်မောင်းနှင်သော Drone ၁ စီးသည် ရဲချင်းကျေးရွာဘက်မှ ပျံသန်းလာပြီး Drop Bomb ၂ လုံးအား ပစ်ချဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ဗုံးသီးများမှာ ဇီးပင်ရပ်ကွက်ရှိ ဒေါ်မြင့်မြင့်ခိုင်၏ ထန်းရွက်မိုးနေအိမ်ခေါင်မိုးပေါ်သို့ ၁ လုံး၊ ဦးလှကို၏ နေအိမ်နှင့် ဒေါ်နော်အေးသန်းတို့၏ နေအိမ်ကြား မြေကွက်လပ်သို့ ၁ လုံး(ပေါက်ကွဲခြင်းမရှိ)ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဒေါ်မြင့်မြင့်ခိုင်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရ။