KIA နှင့် PDF အကြမ်းဖက်သမားများက နေအိမ်များကို မီးရှို့ထွက်ပြေးမှုကြောင့် နေအိမ် ၅၄ လုံးမီးလောင်ပျက်စီး

ဒီဇင်ဘာ ၁၆ ရက်
လုံခြုံရေးတပ်ဖွဲ့ဝင်များက ရွှေကူမြို့နယ်၊ မိုးဒါးကြီးကျေးရွာသို့ နယ်မြေရှင်းလင်းရန် ထွက်ခွာလာစဉ်
နောင်ပင်ကျေးရွာအဝင်သို့အရောက် KIA နှင့် PDF အကြမ်းဖက်သမားအင်အား ၃၀ ဦးခန့်က
ကျေးရွာအတွင်းက နေအိမ်များကို အကာအကွယ်ယူ၍ နေရာ ၂ နေရာမှ
စတင်ပစ်ခတ်ခဲ့ပြီး ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ထွက်ပြေးသွားခဲ့ပါတယ်…
လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးလောင်နေသော နေအိမ်များအား ဝိုင်းဝန်းမီးငြိမ်းသက်ပေးခဲ့ပြီးနောက်
မိုးဒါးကြီးကျေးရွာသို့ ဆက်လက်ထွက်ခွာခဲ့ရာ မိုးဒါးကြီးရွာအဝင်အရောက်တွင်
KIA နှင့် PDF အကြမ်းဖက်သမားများက ကျေးရွာအတွင်းရှိနေအိမ်များကို အကာအကွယ်ယူပြီး
လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ပြီး နေအိမ်များအား မီးရှို့၍ ဆုတ်ခွာထွက်ပြေးသွားခဲ့ဟု သိရှိရပါတယ်..
တိုက်ပွဲဖြစ်စဉ် ၂ ခုအတွင်း KIA နှင့် PDF အကြမ်းဖက်သမားများက
နေအိမ်များကို မီးရှို့ထွက်ပြေးမှုကြောင့် နောင်ပင်ကျေးရွာ၌ နေအိမ် ၁၁ လုံး၊ မိုးဒါးကြီးကျေးရွာ၌ နေအိမ် ၄၃ လုံး
မီးလောင်ပျက်စီးသွားခဲ့ဟု သိရှိရပါတယ်…