ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့နေသော လျာထားချက် ဆန်တန်ချိန်သုံးသောင်း ပြည့်မီတော့မည်

ဒီဇင်ဘာ ၁၈ရက်က ဧရာဝတီတိုင်းဒေသကြီး ပုသိမ်စက်မှု မြို့တော်ဆိပ်ကမ်းမှ နိုဝင်ဘာ ၂ ရက်မှစ၍ တိုက်ရိုက်
တင်ပို့သော စနစ်ဖြင့် တင်ပို့နိုင်ခဲ့ပြီး ဒီဇင်ဘာ ၁၈ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရှစ်စင်းမြောက်သင်္ဘောနှင့်
ဆန်တန်ချိန် ၂၆၅၀ ကို တင်ဆောင်ကာ ဒီဇင်ဘာ ၁၉ ရက်တွင် ထွက်ခွာနိုင်ရန် ကြိုးပမ်း ဆောင်ရွက်လျက်
ရှိတယ်လို့ သိရပါတယ်။ ပုသိမ်စက်မှုမြို့တော် ဆိပ်ကမ်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် ပေါင်း ၂၁၁၂၅ တန်
တင်ပို့နိုင်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ “ဘင်္ဂလားဒေ့ရှ်ကိုပို့မယ့် ရှစ်စင်းမြောက် ဆန်သင်္ဘောမှာ ကျန်တဲ့
၁၉၇ တန်ကို တင်ဆောင်နေတဲ့အတွက် မနက်ဖြန် ရေအလှည့်သင့်ရင် ထွက်ခွာဖို့ရှိပါတယ်။
ဒီသင်္ဘောနဲ့ ဆန်တန်ချိန် ၂၆၅၀ တင်ဆောင်သွားမှာဖြစ်တဲ့အတွက် တင်ပို့တဲ့တန်ချိန် အားလုံးပေါင်း ၂၁၁၂၅ တန်ရှိပြီ
လို့ပြောရမှာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆန်တင်ပို့ဖို့ ကနဦးလျာထားတာက ဆန်တန်ချိန် သုံးသောင်းဖြစ်တဲ့အတွက်
မကြာမီပြည့်မီတော့မှာပါ။ ရန်ကုန်ကနေ မဟုတ်ဘဲ ပုသိမ်ကနေ တိုက်ရိုက်တင်ပို့ခွင့်ရတဲ့အတွက် ကုန်ကျစရိတ်
သက်သာမှုဟာ နိုင်ငံတော်ရဲ့စီးပွားရေးအတွက် အကျိုးရှိခဲ့ပါတယ်။
အထူးသဖြင့် စက်သုံးဆီနဲ့ ပို့ဆောင်စရိတ် သက်သာစေခဲ့ပြီးတော့ ဒီဒေသမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ
ပွင့်လန်းလာတဲ့အပြင် ပို့ကုန်လုပ်ငန်းရှင်တွေလည်း စီးပွားရေး အခွင့်အလမ်းတွေ ရရှိစေခဲ့ပါတယ်”ဟု ဧရာဝတီတိုင်း
ဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။