ကော့ကရိတ်-မြဝတီသွားအာရှလမ်း မြေပြိုမှုဖြစ်ပွား

ဩဂုတ်လ ၇ ရက် နေ့လည် ၁၂ နာရီကျော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကော့ကရိတ်-မြဝတီ သွားအာရှလမ်း တောနော်ရေတံခွန်အနီး မိုင်တိုင်အမှတ်(၁၄၉)နှင့် (၁၅၀) အကြားတွင် ပေ ၁၅၀ ခန့် မြေပြိုမှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ လတ်တလောတော့ ကားတွေသွားဖို့မဖြစ်နိုင်သေးပါ.။