Hijet ကားပေါ်မှ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

ဩဂုတ် ၅ ရက်နေ့တွင် ကော့ကရိတ်မြို့ အမှတ်(၅)ရပ်ကွက်ရှိ ကြာပန်းအဝိုင်းလမ်းဆုံ၌ ဖြတ်သန်းသွားလာသည့် ယာဉ်များအား စစ်ဆေးစဉ် မြဝတီမြို့ဘက်မှ ဘားအံမြို့ဘက်သို့ ယာဉ်မောင်း ဝင်းဌေး ၃၆ နှစ် မောင်းနှင်လာသည့် Hijet အမျိုးအစား မော်တော်ယာဉ် ၁ စီးနှင့် ယာဉ်မောင်း ဆန်းလွင်ဦး ၃၀ နှစ် မောင်းနှင်ပြီး ဇနီးဖြစ်သူ မအိမျိုးဝင်း ၂၁ နှစ်လိုက်ပါလာသည့် Hijet အမျိုးအစား မော်တော်ယာဉ် ၁ စီးတို့ကို ရပ်တန့်စစ်ဆေးရှာဖွေရာ-

Sig Sauer ပစ္စတို ၅ လက်
Ekol ပစ္စတို ၁ လက်
Glock ပစ္စတို ၂ လက်
ကျည်မျိုးစုံ ၁၈၁၀ တောင့်
ကျည်အိမ်မျိုးစုံ ၁၇ ခုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။