ကချင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်စဉ်များ

ကချင်ပြည်နယ် နယ်မြေအတွင်း မိမိအမာခံများနှင့် တပ်ထောက်ခံသူများ၏ သတင်းပေးပို့ချက်များအရ အကြမ်းဖက် KIA များနှင့် PDF များ၏ သေဆုံး/ဒဏ်ရာရရှိမှုများမှာ အောက်ပါအတိုင်းဖြစ် –

(မံစီမြို့နယ်)

၄-၃-၂၀၂၄ ရက်နေ့တွင် စင်းခန်းတံတားအနီး မိုင်းလာထောင်သည့် အကြမ်းဖက် KIA/PDF ၃ ဦးအား အမာခံ CDM သတင်းပေးများ၏ပေးပို့ချက်အရ လက်ဦးမှုရယူကာ အလစ်ငိုက်တိုက်ခိုက်နိုင်ခဲ့သဖြင့် KIA/PDF အကြမ်းဖက် ၃ ဦးအား အသေပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ပြီး လက်နက် ၃ လက်နှင့် ခဲယမ်း/ဆက်စပ် ပစ္စည်းများသိမ်းဆည်းရရှိခဲ့။

(ဖားကန့်မြို့နယ်)

မတ်လ ၂ ရက်နှင့် ၉ ရက်နေ့တွင် တာမခန်ကျေးရွာအနီး KIA/PDF များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အမာခံ များ၏ ကြိုတင်သတင်းပေးပို့ချက်များအရ လက်ဦးမှုရယူနိုင်ခဲ့ကာ အကြမ်းဖက် KIA/PDF ၄၀ လောင်း၊ လက်နက် ၉ လက်နှင့် ခဲယမ်း/ဆက်စပ်ပစ္စည်းများသိမ်းရှိရရှိခဲ့ပြီး ၂၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရ။

(မဘိမ်းမြို့နယ်)

မတ်လ ၆ ရက်နေ့တွင် ငအိုးကျေးရွာအနီးမိုင်းလာမည်ဟု ဒေသခံများရဲ့ သတင်းပေးမှုကြောင့် ကြိုတင်စောင့်ဆိုင်းနေစဉ် မိုင်းထောင်ရန်ပြင်ဆင်နေသည့် အကြမ်းဖက် ၃ ဦးအား အသေပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ပြီး မိုင်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့။

(မိုးမောက်မြို့နယ်)

မတ်လ ၇ ရက်နေ့တွင် သံခမောက်တောင်စခန်း KIA/PDF များနှင့်တိုက်ပွဲဖြစ်စဉ်တွင် အကြမ်းဖက် KIA/PDF ၂၅ ဦးခန့်သေဆုံးခဲ့ပြီး ၂၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း၊ မတ်လ ၈ ရက်နေ့ပွိုင့် ၉၃၆ စခန်းအနီး KIA/PDF များနှင့် တိုက်ပွဲဖြစ်စဉ်တွင်လည်း KIA/PDF ၂၀ ဦးခန့်သေဆုံးခဲ့ပြီး ၁၅ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း CDM အမာခံသတင်းပေးများထံမှသိရှိရ။

(ဝိုင်းမော်မြို့နယ်)
မတ်လ ၇ ရက်နေ့ လဂျားယန်စခန်းနှင့် မလိယန်စခန်း၊ ပွိုင့် ၁၁၁၆ စခန်းအနီး KIA/PDF များနှင့် တိုက်ပွဲဖြစ်စဉ်တွင် အကြမ်းဖက် KIA/PDF များ ၆၅ ဦးခန့်သေဆုံးပြီး ၇၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း၊ မတ်လ ၈ ရက်နေ့ ပွိုင့် ၆၁၁ စခန်းအနီး၊ ပွိုင့် ၂၅၉ စခန်းအနီး၊ ပွိုင့် ၇၇၁ စခန်းအနီးနှင့် ဝိုင်းမော်မြို့နယ်အတွင်း နယ်မြေရှင်းလင်းမှုများဆောင်ရွက်ချိန် တိုက်ပွဲဖြစ်စဉ်များတွင် အကြမ်းဖက် KIA/PDF များ ၆၅ ဦးခန့်သေဆုံးပြီး ၆၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရှိရ။

အလားတူ မတ်လ ၉ ရက်နေ့ ၇၇၁ စခန်းအနီးနှင့် စင်ကြိုင်ငှက်ပျော်ခြံအနီးတိုက်ပွဲဖြစ်စဉ်တွင်လည်း အကြမ်းဖက် KIA/PDF ၇၀ ဦးခန့်သေဆုံးပြီး ၃၅ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း အမာခံသတင်းပေးပို့မှုများအရ သိရှိရ။

(ဒေါ့ဖုန်းယန်မြို့နယ်)

မတ်လ ၇ ရက်တွင် ဒေါ့ဖုန်းယန်မြို့နယ်ရှိ နယ်မြေခံတပ်ဌာနချုပ်သို့ လာရောက်တိုက်ခိုက်သည့် တိုက်ပွဲဖြစ်စဉ်နှင့် ပွိုင့် ၁၀၁၂ စခန်းအနီး တိုက်ပွဲဖြစ်စဉ်များတွင် အကြမ်းဖက် KIA/ PDF များ ၆၅ ဦးခန့်သေဆုံးခဲ့ပြီး ၄၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံသတင်းပေးပို့သူများထံမှ သိရှိရ။

(မြို့သစ်မြို့နယ်)

မတ်လ ၈ ရက်နေ့တွင် မြို့သစ်မြို့နယ်ရှိ နယ်မြေခံတပ်ဌာနချုပ်သို့ လာရောက်တိုက်ခိုက်သည့် KIA/PDF များ ၃၀ ဦးခန့်သေဆုံးကာ ၃၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်းသိရှိခဲ့ရပြီး ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့။

(ပူတာအိုမြို့နယ်)

မတ်လ ၉ ရက်နေ့ ခေါင်လန်ဖူးဒေသတွင် KIA/PDF များနှင့် တိုက်ပွဲဖြစ်စဉ်တွင် ၎င်းတို့ဘက်မှ ၁ ဦး သေဆုံးခဲ့ကြောင်းသိရှိရပြီး လက်နက်ငယ် ၁ လက် ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပါသည်။

(ရွှေညောင်ပင်)

မတ်လ ၉ ရက်နေ့ အောင်မြေ ၁ ကျေးရွာအနီး KIA/PDF များနှင့်တိုက်ပွဲဖြစ်စဉ်တွင် တပ်မတော်နှင့် လီဆူးပြည်သူ့စစ်များ၏ တိုက်ခိုက်ချေမှုန်းမှုကြောင့် အကြမ်းဖက် KIA/PDF များ ၃၅ ဦးခန့်သေဆုံးပြီး ၈၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း မိမိCDM အမာခံသတင်းပေးများထံမှ သိရှိရ။

အထက်ပါဖြစ်စဉ်များနှင့်ပတ်သက်၍ အမာခံသတင်းပေးများနှင့် ဒေသခံသတင်းပေးများ၏ သတင်းပေး ပို့မှုများ အပေါ်မူတည်၍ စာရင်းပြုစုထားရှိရာ အကြမ်းဖက် KIA/PDF များ ၄၀၀ ကျော် သေဆုံးပြီး ၃၈၀ ဦးခန့်ဒဏ်ရာရှိကြောင်း သိရှိခဲ့ရသော်လည်း အခြေအနေအမျိုးမျိုးကြောင့် သတင်းမပေးပို့နိုင်သည့် အမာခံများ၏ ကျန်ရှိသတင်းများအရ အကြမ်းဖက် KIA/PDF များ ယခုထက်ပိုပြီး သေဆုံး/ဒဏ်ရာရရှိနိုင်ကြောင်း သုံးသပ်ရပါသည်။

လူအင်အားနည်း၍ ပင်မတပ်နဲ့ ပူးပေါင်းရန် ဆုတ်ခွာပေးလိုက်ရသော တပ်မတော်စခန်းငယ်အချို့ ရရှိသည်မှအပ ကျန်စခန်းသိမ်းတိုက်ပွဲများတွင် KIA သောင်းကျန်းသူများအနေဖြင့် အကြိမ်ကြိမ်လန်ကျ၍ တိုက်ခိုက်ရေးအင်အား ၇၀ % ကျော် ပြုန်းတီးကာ ပြန်လည်ဆုတ်ခွာထွက်ပြေးကြရသည်။ ထွက်ပြေးသော်လည်း လေယာဉ်၊ Drone များ၏ လိုက်လံတိုက်ခိုက်မှုကြောင့် ၎င်းတို့၏ စခန်းသို့ အသက်ရှင်လျက် ပြန်ရောက်သူ အလွန်နည်းပါးလှပါကြောင်း ဖော်ပြအပ်ပါသည်။

#တိုက်ပွဲသတင်းစုံ