KIA အဖွဲနှင့် PDFအကြမ်းဖက်သမားများက နေအိမ်များအား မီးရှို့ဖျက်ဆီး

ဒီဇင်ဘာ ၁၇ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြိုနယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်နေသော တပ်ဖွဲဝင်များအား ယနေ့နံနက်တွင် နောင်ပင်ကျေးရွာ၊ မိုးဒါးကြီးကျေးရွာနှင့် ဟဲနားကျေးရွာ(ရွာဟောင်း)များအနီးသို အရောက်၌ KIA အဖွဲနှင့် PDF အမည်ခံအကြမ်းဖက်သမားများက ကျေးရွာအတွင်း လူနေအိမ်များကို အကာကွယ်ရယူပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲဝင်များက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်အ့များသည် ကျေးရွာများအတွင်းမှ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ၎င်းတိုဆုတ်ခွာသွားစဉ် ကျေးရွာများအတွင်းရှိ နေအိမ်များအား မီးရှိဖျက်ဆီးခဲ့သဖြင့် နောင်ပင်ကျေးရွာတွင် လူနေအိမ် ၁၁ လုံးခန့်၊ မိုးဒါးကြီးကျေးရွာတွင် လူနေအိမ် ၄၃ လုံးခန့်၊ ဟဲနားကျေးရွာ(ရွာဟောင်း)တွင် လူနေအိမ် ၁၀ လုံးခန့်၊ စုစုပေါင်း လူနေအိမ် ၆၄ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရှိရပါတယ်။

KIA အဖွဲနှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏ မီးရှိဖျက်ဆီးမှုများကြောင့် ၂၀၂၂ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျေးရွာ ၂၆ ရွာမှ အိမ်ခြေ ၇၁၇ လုံး မီးလောင်ပျက်စီးဆုံးရှုးခဲ့ပြီ ဖြစ်ကြောင်း သိရှိရပါတယ်။