ဖေဖော်ဝါရီလ ၃ ရက် ရခိုင်ပြည်နယ် တိုက်ပွဲသတင်းများ

၃/ ၂ / ၂၀၂၄ ရက်နေ့

(မောင်တောမြို)
  “AA မူးယစ်ဆေးဝါးမှောင်ခိုအဖွဲဝင်များ မောင်တော – အငူမော် ကားလမ်းဘေး၊ ကန်တော်ကြီးဆည်နှင့် ဂေါက်ကွင်းအနီး ရောက်ရှိခိုအောင်းနေကြောင်း” အကြမ်းဖက်မှု အလိုမရှိသည့် ပြည်သူများ၏ သတင်းပေးပိုမှုအရ ယနေ့နံနက်ပိုင်း ၉ နာရီခွဲခန့်က နယ်မြေခံတပ်စစ်ကြောင်းမှ သွားရောက်ရှင်းလင်းခဲ့ရာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး AA မူးယစ်ဆေးဝါးမှောင်ခိုအဖွဲဝင်များ အဆိုပါနေရာမှ ဒဏ်ရာရ/ သေဆုံးများစွာဖြင့် ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားကြပြီး အဆိုပါစခန်းအား သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

(ရမ်းဗြဲမြို)
  ယနေ့နံနက်ပိုင်း ၈ နာရီခန့်က ရမ်းဗြဲမြို၊ မြိုမရဲစခန်းအား AA အကြမ်းဖက်အဖွဲမှ လက်နက်ငယ်များဖြင့် လာရောက်နှောက်ယှက်ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် မိနစ် ၃၀ ခန့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ထိုအပြင် မြို၏မြောက်ပိုင်းအတွင်း အကြမ်းဖက်ဖျက်ဆီးမှုများ ပြုလုပ်နေသည့် AA အကြမ်းဖက်အဖွဲအား တပ်စစ်ကြောင်းများမှ လိုက်လံရှင်းလင်းလျက် ရှိကြောင်း သိရှိရပြီး စစ်ရှောင်စခန်းအတွင်း ခိုအောင်းနေသည့် AA အကြမ်းဖက် ခေါင်းဆောင်မှ အဆိုပါစခန်းရှိ အသက် ၁၄ နှစ်/ ၁၅ နှစ်အရွယ်ကလေးများအား မိဘများအား အသိပေးခြင်းမရှိဘဲ ပြီးခဲ့သည့်တိုက်ပွဲများအတွင်း ရှေ့မှအသေခံ တိုက်ခိုက်ခိုင်းခဲ့ခြင်းကြောင့် မိဘများနှင့် AA အကြမ်းဖက်အဖွဲဝင်များအကြား ပြဿနာအကြီးအကျယ်ဖြစ်ပွားနေကြောင်း သိရှိရသည်။

(ကျောက်တော်မြို)
ယနေ့နံနက်ပိုင်း ၁၀ နာရီခန့်က နယ်မြေခံတပ်မဌာနချုပ် အနီးရှိ ကာကင်းစခန်းကြားသို AA အကြမ်းဖက်အဖွဲများ ချဉ်းကပ်လာသောကြောင့် လိုက်လံရှင်းလင်းခဲ့ရာ AA အကြမ်းဖက်သောင်းကျန်းသူများ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားကြောင်း သိရှိရသည်။

(မင်းပြားမြို)
  ယနေ့နံနက်ပိုင်းမှစ၍ နယ်မြေခံတပ်ဖြစ်သည့် ခမရ ၃၇၉ တပ်မှ တပ်မတော်သားများမှ တပ်အတွင်းရှိ နေရာအချိုသို ဝင်ရောက်လာခဲ့သည့် AA အကြမ်းဖက်သောင်းကျန်းသူများအား ဆက်လက်ရှင်းလင်းလျက်ရှိကြောင်း သိရှိရပြီး ယနေ့နံနက်အစောပိုင်းအချိန်၌ နောက်ထပ်စစ်ကူစစ်ကြောင်းများ ကမ်းထိုးရေယာဉ်ဖြင့် ရောက်ရှိသွားပြီဖြစ်ကြောင်း သတင်းကောင်း ကြားသိရပါသည်။

နှစ်ဖက်တိုက်ပွဲများအတွင်း AA အကြမ်းဖက်အဖွဲမှ ဒဏ်ရာရ/သေဆုံးများပြားခဲ့ပြီး ဒဏ်ရာရရှိသူများနှင့် အလောင်းများအား ၎င်းတိုအတင်းအဓမ္မခေါ်ယူထားသည့် ပြည်သူစစ်ရွာသားများဖြင့် သယ်ဆောင်နေကြောင်း၊ တပ်မတော်သားများနှင့် ရဲတပ်ဖွဲဝင်အချို ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ကြောင်း၊ အဆိုပါနေရာများမှလွဲ၍ ကျန်မြိုများတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိကြောင်းနှင့် AA အကြမ်းဖက်အဖွဲရှိရာနေရာများသို လက်နက်ကြီးများဖြင့် ပစ်ခတ်နိမ်နင်းခြင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှစ၍ နှစ်ဖက်အပစ်ရပ်ငြိမ်းချမ်းရေးဆောင်ရွက်မှုအား ဖောက်ဖျက်ကာ ရခိုင်ပြည်နယ်အတွင်း မြို/ရွာများအား လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခြင်း၊ အများပြည်သူနေထိုင်ရနေရာများ/ဈေးများအား Drop Boom များကြဲ၍ မီးရှိဖျက်ဆီးခြင်း၊ ဒေသခံပြည်သူများအား ဖမ်းဆီးနှိပ်ဆက်ခြင်း၊ လူသစ်အတင်းအဓမ္မဖမ်းဆီးခြင်း၊ ပြည်သူ့စစ်သင်တန်း မတက်မနေရတက်ခိုင်းက သင်တန်းပြီးပါက ရှေ့တန်းစစ်မြေပြင်သိုစေလွှတ်ခြင်း၊ ဘူးသီးတောင်/မောင်တောရှိ မွတ်ဆလင်များအား “ဗလီဆောက်ပေးမည်၊ လွတ်လပ်စွာသွားလာခွင့်ပေးမည်၊ တစ်ဖက်နိုင်ငံသိုရောက်ရှိနေသည့် မွတ်ဆလင်များအား ပြန်ခေါ်ပေးမည်” ဟုစည်းရုံးကာ လူသစ်စုဆောင်းနေခြင်း စသည့် အကြမ်းဖက်မှုများအား နေ့စဉ်လုပ်ဆောင်နေသည့်အပြင် နယ်မြေခံ တပ်ရင်းဌာနချုပ်များ၊ တပ်စခန်းများ၊ မြိုများအား တိုက်ခိုက်နေသည့်အတွက် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲဝင်များနှင့် မိသားစုဝင်များမှ အရေးကြီးနေရာများ၊ တပ်ရင်းဌာနချုပ်နှင့် စခန်းများ ရန်သူ့လက်အောက် မကျရောက်စေရေးအတွက် အပြင်းအထန်ပြန်လည်ခုခံတိုက်ခိုက်ချေမှုန်းလျက်ရှိနေသည်။

MinChitOo